လွတ်လပ်ပြီးသန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်ဖို့ တရားဝင်လေ့လာစောင့်ကြည့်သူတွေထဲက ဒါနရှေ့ဆောင်မြန်မာက ကိုအောင်ထိုက်မင်းကို ဆက်သွယ်မေးမြန်း

0
226

မြန်မာကေဘယ်လ်ရုပ်သံသတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ Streamiz Show အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ၂၀၁၅ ရွေးကောက်ပွဲကြီးကို ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကြီးအတွက် မြန်မာနိုင်ငံ အနှံအပြားက မဲဆန္ဒရှင်ပြည်သူတွေဟာလည်း သူတို့ လိုလားတဲ့ နိုင်ငံရေး ပါတီတွေက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတွေ လုပ်ဆောင်ဖို့ ရွေးချယ် ဆန္ဒမဲတွေလည်း ပြုခဲ့ကြပြီဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒမဲတွေ အမှန်တကယ် သူတို့ ထောက်ခံသူ ရ မရဆိုတာနဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ်ဆိုတဲ့ အပေါ် လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေလည်း အများအပြားရှိနေတာပါ။
ဒီလို လွတ်လပ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တရားဝင်လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေထဲက ဒါနရှေ့ဆောင်မြန်မာက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ (ကိုအောင်ထိုက်မင်း) ကို ဆက်သွယ်မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။