လွတ်လပ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တရားဝင်လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေထဲက NYC က ကိုမိုယ်းသွေးကို ဆက်သွယ်မေးမြန်း

0
235

မြန်မာကေဘယ်ရုပ်သံသတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ Streamiz Show အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ၂၀၁၅ ရွေးကောက်ပွဲကြီးကို ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကြီးအတွက် မြန်မာနိုင်ငံ အနှံအပြားက မဲဆန္ဒရှင်ပြည်သူတွေဟာလည်း သူတို့ လိုလားတဲ့ နိုင်ငံရေး ပါတီတွေက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတွေ လုပ်ဆောင်ဖို့ ရွေးချယ် ဆန္ဒမဲတွေလည်း ပြုခဲ့ကြပြီဖြစ်ပါတယ်။