မန္တလေးမြို့မှာ နိုင်ငံရေးပါတီကြီး ၂ ခု အပြိုင် မဲဆွယ်

0
8

ရွေးကောက်ပွဲအကြိုကာလ တရားဝင်မဲဆွယ်စည်းရုံးခွင့်စတင်ရရှိချိန် မန္တလေးမြို့မှာ နိုင်ငံရေးပါတီကြီး ၂ ခု အပြိုင် မဲဆွယ်စည်းရုံးရေးတွေကိုပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို MCN သတင်းထောက် ဟိန်းကိုက သတင်းပေးပို့ထားပါတယ်။ (ရိုက်ကူး – ကိုမင်းမင်းလတ် MCN)

ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေ အတွက် တရားဝင်မဲဆွယ်စည်းရုံးခွင့်တွေကို စက်တင်ဘာလ (၈) ရက်နေ့ကနေစတင် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီလို စတင်ခွင့်ပြုတဲ့နေမှာတော့ မန္တလေးမြို့မှာ အင်အားကြီးနိုင်ငံရေးပါတီကြီး ၂ ခု ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး USDP ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့က ပါတီဝင်တွေ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုတွေကို အလှပြကားတွေနဲ့ စတင်ပြုလုပ်နေကြတာပါ။

လက်ရှိအခြေအနေမှာဆိုရင်တာ့ USDP ပါတီအနေနဲ့ မဲဆွယ်စည်းရုံးရေးအသုံးစရိတ်တွေကို ပါတီ တိုင်းဒေသကြီး ရုံးချုပ်နဲ့ ပါတီဗဟို တွေရဲ့ ခွင့်ပြုချက်နဲ့ အညီသာ သုံးစွဲနေပြီး ကိုယ်စားလောင်းတွေ စိတ်ကြိုက် သုံးစွဲခွင့်မရှိဘူးလို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့လည်း မဲဆွယ်စည်းရုံးကာလတွေအတွင်း အခက်အခဲ တွေရှိနေ ပေမယ့်လည်း ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ နိုဝင်ဘာလ (၈) ၇က်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၉၃) ပါတီက ကိုယ်စားလှယ်လောင်း ၆၂၀၀ နီးပါး ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတာပါ။ အဲ့ဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်လောင်း ၁၁၅၀ ကျော်နဲ့ အများဆုံး ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး USDP ပါတီကတော့ ကိုယ်စားလှယ်လောင်း ၁၁၃၀ ကျော်နဲ့ ဒုတိယအများ ဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေ အဖြစ် ရပ်တည်နေပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here