ရွေးကောက်ပွဲ ရက် ရွှေ့ဆိုင်းမည် မဟုတ်

ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင­် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရွှေလီလမ်းမှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲမှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင­်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်တာဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲကို မဲစာရင်းကွာဟမှုတွေ၊ ကိုယ်စားလှယ်လောင်းတင်ပြရေးတွေနဲ့ပတ်သက်ပြ­ီး အချိန်နည်းပါးတာကြောင့် ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းပေးဖို့ နိုင်ငံရေးပါတီ အချို့က တောင်းဆိုချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင­်က ပယ်ချလိုက်တာလည်းဖြစ်ပါတယ်။ အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှာ ရှု့စားကြရမှာဖြစ်ပါတယ်။

adv_banner