ရသ (ခေါ်) ဦးရဲမင်းသိန်း ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်အောင် ပါတီက ဆင့်ခေါ်သွားမယ်

နိုင်ငံရေးလိုအပ်ချက်အရ လူငယ်တေးသံရှင် နိုင်ငံရေးသမား ရသ (ခေါ်) ဦးရဲမင်းသိန်း ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်အောင် ပါတီက ဆင့်ခေါ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ MCN က သီးသန့်တွေ့ဆုံစဉ် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားလိုက်တာပါ။

အမျိုးသားဒီမိုကရေစီပါတီသစ်အနေနဲ့ ပါတီဥက္ကဌ ဦးသိန်းညွန့်ကိုယ်တိုင် လာမယ့် ရွေးကောက်ပွဲမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေမှာ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဒါအပြင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပါတီသစ် ကိုယ်စားလှယ်တွေလည်း ထပ်မံ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပြီး အခြား ခေတ်ပညာတတ်လူငယ်တွေ၊ ပါရဂူဘွဲ့ရလူငယ်တွေနဲ့ သတင်းစာဆရာတွေပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာရော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာပါ သင်္ဃန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေကနေပဲ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူပါ။

လူငယ်တေးသံရှင် နိုင်ငံရေးသမား ရသ (ခေါ်) ဦးရဲမင်းသိန်းကတော့ ၂၀၁၂ ရွေးကောက်ပွဲတုန်းက မရမ်းကုန်းမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းဒေါက်တာဒေါ်မေ၀င်းမြင့်က­ို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

adv_banner