မွန်ပါတီတွေ ပေါင်းစည်းရေး အခက်တွေ့နေ

မွန်ပြည်နယ်အခြေစိုက်ထူထောင်ထားတဲ့ နိုင်ငံရေးပါတီတွေ ပေါင်းစည်းရေး အခက်တွေ့နေဆဲပဲလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဗညားအောင်မိုးက ပြောကြားလိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည်သူတွေ နိုင်ငံရေးပါတီ တစ်ခုတည်း မဲပေးနိုင်ဖို့ရည်ရွယ်ပြီး ပြည်နယ်တွင်းပါတီတွေ ပေါင်စည်းနိုင်ရေး ကြိုးစားသွားဖို့ အစီအစဉ်ရှိမရှိ MCN က သီးသန့်အနေနဲ့ မေးမြန်းစဉ်မှာ သူက အဲ့ဒီလိုပြောကြားလိုက်တာပါ။
လက်ရှိအခြေအနေမှာတော့ မွန်နယ်အခြေစိုက် နိုင်ငံရေးပါတီတွေအဖြစ် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသမီးပါတီ (မွန်) တွေ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင­်မှာ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ထားပါတယ်။ အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာ။

adv_banner