တစညပါတီ မဲဆန္ဒနယ်မြေ ၇၅၀ လောက်မှာ ယှဉ်ပြိုင်မယ်

0
4

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တနိုင်ငံလုံးက မဲဆန္ဒနယ်မြေ ၇၅၀ လောက်မှာ ယှဉ်ပြိုင်မယ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ပါတီရဲ့ လွှတ်တော်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်မြင့်က ပြောကြားလိုက်ပါတယ်။
ပါတီဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်တွေကို ဇူလိုင်လ 16 ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ MCN နဲ့ သီးသန့်တွေ့ဆုံစဉ် မွန်ပြည်နယ် ပေါင်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လဲဖြစ် တစညပါတီရဲ့ လွှတ်တော်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးခင်မောင်မြင့်က ပြောကြားလိုက်တာဖြစ်ပါတယ်။

ပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေကို ခေတ်ပညာ တတ် တိုင်းရင်းသား၊ အမျိုးသမီးနဲ့ လူငယ်တွေထဲက အဓိကထား ရွေးချယ်သွားမယ်လို့ဆိုပါတယ်။
အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here