37 C
Yangon, MM
Tuesday, March 26, 2019

ဆက်သွယ်မေးမြန်းခန်း

    လွှတ်တော် နာယကတွေကို ဥပဒေဖောက်ဖျက်မှုနဲ့ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းရေး ဆောင်ရွက်မယ်

    https://youtu.be/umTzXrWlJso ● ပြည်ထောင်စုလွှတ်တော် နာယကတွေကို လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနဲ့အညီ ဥပဒေဖောက်ဖျက်မှုနဲ့ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံက လက်မှတ်ရေးထိုးပြီး လွှတ်တော်ကို တင်သွင်းသွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီက ပြောကြားလိုက်ပါတယ်။ ● ကြံ့ခိုင်ရေးပါတီက...

    ပေါက်ကွဲလုနီးပါး ကက်ရှ်မီးယားအရေး

    အသေခံ ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးရာက စခဲ့တဲ့ ကက်ရှ်မီးယား တင်းမာမှုဟာ အိန္ဒိယလေတပ်က ကက်ရှ်မီးယား နယ်စပ်ကို ကျော်ပြီး လေကြောင်းကနေ တိုက်ခိုက်လို့ စစ်သွေးကြွ ၃၀၀ ခန့် သေဆုံးတာ၊ လေယာဉ်တွေ အပြန်အလှန် ပစ်ချတာ၊ ပါကစ္စတန်က အိန္ဒိယ...

    မြန်မာနိုင်ငံရေးသမားတွေ အခြေခံဥပဒေကို ပြင်လိုက်တာနဲ့ ကောင်းမယ် ထင်နေကြတယ်

    https://youtu.be/AX9dvg73ZTk မြန်မာနိုင်ငံရေးသမားတွေ အခြေခံဥပဒေကို ပြင်လိုက်တာနဲ့ ကောင်းမယ် ထင်နေကြတယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပညာရှင် ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဥပဒေပါ ပြဌာန်းချက်တွေအရ တိုင်းရင်းသား ပြည်သူတွေ အကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးဖို့တော့ ပျက်ကွက်နေတယ်လို့လည်း သူက ပြောကြားတာပါ။ MCN သတင်းဌာနက ပြုလုပ်တဲ့ အထူးဆက်သွယ်မေးမြန်းခန်း...

    ခြေ/ဥ ကော်မတီ ကိုယ်စားလှယ်စေလွှတ်ဖို့ ကြံ့ခိုင်ရေးပါတီ ယာယီဆိုင်းငံ့

    https://youtu.be/wd3Fe257XPY ● ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် နှစ်ဦးကို တက်ရောက်ခွင့် မပြုခဲ့တာကြောင့် ကိုယ်စားလှယ်တွေ အမည်စာရင်း ပေးပို့ဖို့ပါ ပါတီက ဆိုင်းငံ့ထားလိုက်ပါတယ်။ ● ပါတီက အမည်စာရင်းတင်သွင်းဖို့ ခွင့်ပြုထားပြီးဖြစ်တဲ့ ပြည်သူ့လွှတ်တော်က ဦးသိန်းထွန်းနဲ့ ဒေါ်နန်းနီနီအေးတို့ ဖေဖော်ဝါရီလ ၂၀...

    အနာဂတ်ပြည်ထောင်စုကို အချိုးမညီတဲ့ ဖယ်ဒရယ်ပုံစံမျိုးနဲ့ သွားသင့်ဟုဆို

    https://youtu.be/wOBPMJloMew အနာဂတ်ပြည်ထောင်စုကို အချိုးမညီတဲ့ ဖယ်ဒရယ်ပုံစံမျိုးနဲ့သွားသင့်တယ်လို့ အခြေခံဥပဒေရေးရာကျွမ်းကျင် ပညာရှင် ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်က ပြောကြားလိုက်ပါတယ်။ MCN သတင်းဌာနက ဒီကနေ့မှာကျရောက်တဲ့ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အထူးအစီအစဉ်အဖြစ် ဆက်သွယ်မေးမြန်းရာမှာ သူက ပြောကြားလိုက်တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံအနေအထားအရ အန္ဒိယပုံစံ အချိုးမညီတဲ့ ဖယ်ဒရယ်ပုံစံမျိုးကျင့်သုံးမှသာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့အတူ အခြေခံဥပဒေပြင်ဆင်ရေးတွေပါ...

    အခြေခံဥပဒေ ပြင်ဆင်ရေး ရွေးကောက်ပွဲကတိ NLD ဆောင်ရွက်နိုင်ပါ့မလား

    https://youtu.be/yxPgyKdrAck အခြေခံဥပဒေပြင်ဆင်ရေး ရွေးကောက်ပွဲ ကတိကို အကောင်အထည်ဖော်တဲ့ အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ လွှတ်တော်တွင်းမှာ စတင်ဆောင်ရွက်လာပြီ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အားလုံးပါဝင် ဆွေးနွေးနိုင်ဖို့ ပူးပေါင်းကော်မတီတစ်ရပ် စတင်ဖွဲ့စည်းနိုင်ရေး လွှတ်တော်ကို တိုက်တွန်းတဲ့ အဆိုတင်သွင်းတဲ့ နေ့မှာတင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုတွေလည်း...

    ခြေ/ဥ ပြင်ဆင်ရေး ဆွေးနွေးမှုကြောင့် ရင်ကြားစေ့ရေး ဘာဖြစ်မယ် စဉ်းစားထားမှု မရှိဘူး

    https://youtu.be/sPB9kekk53A အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးမှုကြောင့် အမျိုးသားရင်ကြားစေ့ရေး ဘာတွေဖြစ်သွားစေနိုင်မလဲဆိုတဲ့ ပုံကြီးချဲ့ကား စဉ်းစားထားတာမျိုး မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် လွှတ်တော်တွင်းမှာ အမြင်မတူလို အပြန်အလှန်ဆွေးနွေးကြတာဟာလည်း သဘာဝသာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဇန်န၀ါရီလ ၂၉...

    ခြေ/ဥ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက် စိတ်ဖောက်ပြန်သွားမှသာ ဖြစ်နိုင်မယ်

    https://youtu.be/VAAKLaCQ6hQ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဟာ တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက် စိတ်ဖောက်ပြန်သွားမှသာ ဖြစ်နိုင်မယ့် အခြေအနေလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် လွှတ်တော်ထဲက တိုင်းရင်းသားတွေနဲ့ အခြားနိုင်ငံရေးအင်အားစုတွေ အားလုံးကပါ ထောက်ခံမှ ဖြစ်နိုင်တာကြောင့် အချိန်မလုံလောက်တော့တဲ့ အခုလိုအချိန်မျိုးမှာ ဒီလို လုပ်ဆောင်ရွက်မှုတွေဟာ စိတ်ဝမ်းကွဲမှုတွေပဲ ဖြစ်လာနိုင်တယ်လို့လည်း သူက...

    ခြေ/ဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအဆို မဲခွဲဆုံးဖြတ်ချက် ဒီမိုကရေစီ အနိုင်ကျင့်မှုဟုဆို

    https://youtu.be/h6yG92CCVMs ■ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေး တိုက်တွန်းကြောင်း အရေးကြီးအဆို ဆက်လက်ဆွေးနွေးဖို့ မဲခွဲဆုံးဖြတ်မှု ဒီမိုကရေစီအနိုင်ကျင့်တာလားလို့ ကြံ့ခိုင်ရေးပါတီက မေးခွန်းထုတ်လိုက်ပါတယ်။ ■ ဒီအဆိုနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်မှုတွေအပေါ် MCN သတင်းဌာနက ဆက်သွယ်မေးမြန်းစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မေးခွန်းထုတ်ပြောကြားလိုက်တာပါ။ ■ ဒါ့အပြင်...

    ဆိုဗီယက်ယူနီယံ ပြိုကွဲချိန်ကလို မြန်မာနိုင်ငံမှာ စဖြစ်နေပြီ

    https://youtu.be/Pk2oYdE4eS8 ဆိုဗီယက်ယူနီယံ ပြိုကွဲချိန်ကလို မြန်မာနိုင်ငံမှာ စဖြစ်နေပြီလို့ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။ သမ္မတ မီခေးလ်ဂိုဘာချက် လက်ထက် ဆိုဗီယက်ယူနီယံ ပြိုကွဲချိန်ကလို မြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ စစ်ရေးအခြေအနေတွေအပြင် ရခိုင်နိုင်ငံရေးအင်အားစုတွေရဲ့ ဗမာမုန်းတီးရေးကိုအခြေခံထားတဲ့ အမျိုးသား နိုင်ငံတော် ထူထောင်ရေးဆိုတဲ့ (ကွန်ဖက်ဒရိတ်) Confederate...

    တပ်မတော်အနေနဲ့ တရားသေ နည်းလမ်းတစ်ခုတည်းကို မကိုင်စွဲထားသင့်ဟုဆို

    https://youtu.be/ewNEr4zx8ZM ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တရားသေ နည်းလမ်းတစ်ခုတည်းကို မကိုင်စွဲထားသင့်ပဲ ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကို ထည့်သွင်းစဉ်းစားထားဖို့ လိုအပ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောကြားလိုက်ပါတယ်။ “ကွန်ဖက်ဒရိတ်” အယူအဆအပေါ် တပ်မတော်က သူ့ရဲ့သဘောထားကို ဇန်န၀ါရီလ ၁၈ ရက်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ...

    AA ရဲ့ “ကွန်ဖက်ဒရိတ် လမ်းကြောင်း”  ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားလုံး ထိခိုက်ပျက်စီးနိုင်

    https://www.youtube.com/watch?v=uxYxTnSVrgw   ရက္ခိုင့်တပ်မတော် AA နဲ့ နိုင်ငံရေးအင်အားစုအချို့ရဲ့ “အမျိုးသား အချုပ်အခြာအဏာပိုင် ပြည်နယ်အာဏာရှင်စနစ်” ဆိုတဲ့ “ကွန်ဖက်ဒရိတ် လမ်းကြောင်း”  ဖော်ဆောင်မှုတွေကြောင့် လက်ရှိ အစိုးရနဲ့ တပ်မတော်တို့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအားလုံး ထိခိုက်ပျက်ဆီးနိုင်တယ်လို့ ဗမာပြည် ကွန်မြူနစ်ပါတီ ၀င်ဟောင်း တစ်ဦးဖြစ်သူ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ...

    ရခိုင် စစ်ပွဲ အသေးစိတ် အထူး စစ်ရေး သုံးသပ်ချက် (အပိုင်း ၂)

    https://youtu.be/nAjWEH8ISOY ● “အဖရက္ခိုင်နိုင်ငံတော် ထူထောင်ရေး” ဆိုတာ အမျိုးသားရေးစိတ်ဓာတ် အစွန်းရောက်နေတဲ့ ရခိုင်လူငယ်တွေကို လူသစ်စုကောင်းအောင် အော်လိုက်တဲ့ စကားမျိုးသာ ဖြစ်တယ်လို့ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ● MCN သတင်းဌာနအနေနဲ့ လတ်တလော ရခိုင်ပြည်နယ်အတွင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ရဲ့ စစ်ရေးအနေတွေအပေါ် အသေးစိတ်...

    ရခိုင် စစ်ပွဲ အသေးစိတ် အထူး စစ်ရေး သုံးသပ်ချက် (အပိုင်း ၁)

    https://youtu.be/nK-osgHQl1Y လတ်တလော ရခိုင်ပြည်နယ်အတွင်း တပ်မတော်က ရက္ခိုင့်တပ်မတော် AA ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သောင်းကျန်းသူ ချေမှုန်းရေး စစ်ဆင်ရေးတွေကို ဆောင်ရွက်တဲ့အခါမှာ ဘယ်လို စစ်ရေး ဗျူဟာတွေကို အပြန်အလှန်အသုံးပြုနိုင်မလဲဆိုတာတွေအပေါ် သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုသိန်းထွန်းဦးကို (ပထမပိုင်း) အနေနဲ့ ဆက်သွယ်မေးမြန်း...

    AA ဘက်က ကျဆုံး၊ ထိခိုက်မှု တရားဝင် သတင်းထုတ်ပြန်ထားမှုထက် ပိုမိုများပြားဟု တပ်မတော်ပြောပြီ

    https://youtu.be/Kn3iWV4GlIU ရခိုင်ပြည်နယ်ထဲက စစ်ဆင်ရေးတွေအတွင်း ရက္ခိုင်လက်နက်ကိုင်အဖွဲ့ AA ဘက်က ကျဆုံး၊ ထိခိုက်မှုတွေ တရားဝင် သတင်းထုတ်ပြန်ထားတာထက် ပိုမိုများပြားတယ်လို့ တပ်မတော်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ MCN သတင်းဌာနရဲ့ ရခိုင်ပြည်နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး သီးသန့် ဆက်သွယ်မေးမြန်းရာမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အဲ့ဒီလို ထုတ်ဖော်...