35 C
Yangon, MM
Tuesday, April 23, 2019

တီဗွီအစီအစဉ်များ

    အပတ်စဉ် လူငယ်အစီအစဉ် (ဒုတိယပိုင်း)။

    https://www.youtube.com/watch?v=FplOA-DUf7Q ၂၀၁၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် MRTV မှ ထုတ်လွှင့်ခဲ့သော အပတ်စဉ် လူငယ်အစီအစဉ် (ဒုတိယပိုင်း)

    အပတ်စဉ် လူငယ်အစီအစဉ် (ပထမပိုင်း)။

    https://www.youtube.com/watch?v=CDtSkRPAXE8 ၂၀၁၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် MRTV မှ ထုတ်လွှင့်ခဲ့သော အပတ်စဉ် လူငယ်အစီအစဉ် (ပထမပိုင်း)

    တေးသံရှင် အာဇာနည်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု။

    https://www.youtube.com/watch?v=wPCo7WG3Exw ဆက်လက် ရှု့စားကြရမှာကတော့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်ဖြစ်ပါတယ်။ ဒီသတင်းပတ်ရဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာတော့ တေးသံရှင် အာဇာနည်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်း ရှု့စားကြရမှာဖြစ်ပါတယ်။

    လင်ဇင်ကုန်းသုသာန်ကို ထိုင်းဘတ်ငွေ သန်း ၁၀၀ အကုန်အကျ ခံ မွန်းမံမှုတွေပြုလုပ်ပြီး သက်ဆိုင်ရာကို ပြန်လည်လှူ ဒါန်းသွားမည်။

    https://www.youtube.com/watch?v=UUSRh8eeUwI မန္တလေးမြို့ အမရပူရမြို့နယ်မှာရှိတဲ့ လင်ဇင်ကုန်းသုသာန်ကို ထိုင်းဘတ်ငွေ သန်း ၁၀၀ (မြန်မာကျပ်ငွေ သိန်းပေါင်း ၃ သောင်း) အကုန်အကျခံ မွန်းမံမှုတွေပြုလုပ်ပြီး သက်ဆိုင်ရာကို ပြန်လည်လှူဒါန်းသွားမယ်လို့ ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း သတင်းထောက် အောင်မျိုးသန့် အခုလို သတင်းပေးပို့ထားပါတယ်။

    ပန်းချီ သာဆိုင်ရဲ့ နွေနံနက်ခင်းလို့ အမည်ရတဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲ။

    https://www.youtube.com/watch?v=NGpRtcZ2UX0 မန္တလေးမြို့ ကုသိုလ်တော် ဘုရားအနီးမှာရှိတဲ့ ကုသိုလ်တော်ပန်းချီပြခန်းမှာ ပန်းချီသာဆိုင်ရဲ့ နွေနံနက်ခင်းလို့ အမည်ရတဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲ အကြောင်းကိုတော့ ဇင်နိုနိုဇော်က တင်ဆက်ပေမှာ ဖြစ်ပါတယ်။

    မြန်မာ့ပန်းချီလောကကို နိုင်ငံတကာက ပိုမိုသိရှိလာစေဖို့ Bahan Gallery ကို ဖွင့်လှစ်။

    https://www.youtube.com/watch?v=uNuAdjeCtto မြန်မာ့ပန်းချီလောကကို နိုင်ငံတကာက ပိုမိုသိရှိလာစေဖို့ရည်ရွယ်ပြီး Bahan Gallery ကို ဖွင့်လှစ် လိုက်ပြီဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ဇနိုနိုဇော်က တင်ဆက်ပေးထားပါတယ်။

    လူငယ်တွေအတွက် အနုပညာ ဒီပလိုမာ သတင်းတန်းတစ်ခု ဖွင့်လှစ်သင်ကြားပေးဖို့ရှိ။

    https://www.youtube.com/watch?v=dbJXnf7oqOE အနုပညာလုပ်ငန်းကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ပညာရေးနဲ့ အနုပညာပေါင်းစပ်ထားတဲ့ အနုပညာ ဒီပလိုမာ သတင်းတန်းတစ်ခု မကြာခင်မှာ ဖွင့်လှစ်သင်ကြားပေးဖို့ရှိနေပါတယ်။ ဒီအကြောင်းကို MCN သတင်းထောက် နဒီက တင်ဆက်ပေးမှာဖြစ်ပါတယ်။

    Myanmar Music Awards ဆုတွေကို ပေးအပ်သွားဖို့ရှိ။

    https://www.youtube.com/watch?v=KmByqfFMza8 ဂီတပညာရှင် တွေအကြိုက် မဲပေးရွေးချယ်မယ့် သုံးရာသီ Myanmar Music Awards ဆုတွေကို ပေးအပ်သွားဖို့ရှိနေပါတယ်။ ဒီအကြောင်းကို သတင်းထောက်လင်းလင်းက တင်ဆက်ပေးထားပါတယ်။

    Crown Education မှ CEO ကိုအောင်ကျော်ဆန်းနှင့် တွေ့ဆုံမေးမြန်းခန်း ပထမပိုင်း

    https://www.youtube.com/watch?v=mqB2yOktaQ8 ဆက်လက်ပြီး တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ကို ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီသတင်းပတ်ရဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာတော့ နိုင်ငံတကာကို သွားရောက် ပညာသင်ကြားလိုကြတဲ့ မြန်မာလူငယ်တွေအတွက် နိုင်ငံတကာ ပညာရေးအခွင့်အလမ်းတွေ သိရှိနိုင်ဖို့ Crown Education အနေနဲ့ ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ ကိုအောင်ကျော်ဆန်းနဲ့ တွေ့ဆုံမေးမြန်းထားတာကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

    ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလ

    https://www.youtube.com/watch?v=6iUV4sDdMqU ဆက်လက် တင်ဆက် မှာကတော့ ရုပ်သံမှတ်တမ်းအစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်ရုပ်သံမှတ်တမ်းအစီအစဉ်မှာတော့ မကြာခင်မှာ စတင်တော့မယ့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလနဲ့ စာမေးပွဲ ကာလတွေအတွင်း ကျောင်းသူကျောင်းသားတွေအနေနဲ့ ပြင်ဆင် သတိထားရမယ့် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်း သတင်းထောက် အောင်မျိုးသန့်က တင်ဆက်ပေးထားပါတယ်

    မန္တလေးက ကျောင်းသူကျောင်းသားတွေ ပုံမှန်စာဖတ်ဝိုင်းတွေ ပြုလုပ်

    https://www.youtube.com/watch?v=5EB4UZcMKfI မန္တလေး နည်းပညာတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်တွေက ကျောင်းသူကျောင်းသာတွေ အပတ်စဉ် ပုံမှန်စာဖတ်ဝိုင်းတွေ ကျင်းပပြုလုပ်နေပါတယ်။ ဒီအကြောင်းကို သတင်းထောက် ဖြူနှင်းဖွေးက သတင်းပေးပို့ထားပါတယ်။

    လူမှုကွန်ယက် အသုံးပြုပုံ နည်းလမ်းတွေပါ ပြောင်းလဲလာလိမ့်မယ်

    https://www.youtube.com/watch?v=oFmxf2MDw38 မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှုတွေ မြင့်မားလာတဲ့နောက်ပိုင်း Social Network လို့ ခေါ်တဲ့ လူမှုကွန်ယက် အသုံးပြုပုံနည်းလမ်းတွေပါ ပြောင်းလဲလာလိမ့်မယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း သတင်းထောက် ဇင်နိုနိုဇော်က သတင်းပေးပို့ထားပါတယ်။

    ဒို့မြန်မာ လူမှုကွန်ယက်ကို ပြည်သူတွေအနေနဲ့ စတင်အသုံးပြုနိုင်ပါပြီ

    https://www.youtube.com/watch?v=c0HB5-Yf7Gs ရိုးရာယဉ်ကျေးမှုကို အခြေခံပြီး ဖန်တီးထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးလူမှုကွန်ယက်ကို ပြည်သူတွေအနေနဲ့ စတင်အသုံးပြုနိုင်ပါပြီ။ ဒီအကြောင်းကို သတင်းထောက် ဇင်နိုနိုဇော်က သတင်းပေးပို့ထားပါတယ်။

    သားစိုးရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်း တွေ့ဆုံ မေးမြန်းခန်း

    https://www.youtube.com/watch?v=N_rZAscxsxU ဒီသတင်းပတ်ရဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာတော့ ဟစ်ဟော့တေးသံရှင် သားစိုးရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်းတွေ့ဆုံမေးမြန်းထားတာကို ရှု့စားကြရမှာဖြစ်ပါတယ်။

    မော်ဒယ်လုပ်ငန်းတစ်မျိုးထဲနဲ့ ဘ၀ရပ်တည်မှု မရရှိနိုင်သေးတဲ့ မော်ဒယ်လုပ်ငန်း

    https://www.youtube.com/watch?v=Lp7V_RN4rMU လက်ရှိမြန်မာနိုင်ငံရဲ့ မော်ဒယ်လောကဟာ လွန်ခဲ့တဲ့ နှစ်တွေကထက် ပြည်သူများကြားမှာ အောင်မြင်မှု တစ်ခုရရှိလာနေပြီဖြစ်ပေမယ့် မော်ဒယ်လုပ်ငန်းတစ်မျိုးထဲနဲ့ ဘ၀ရပ်တည်မှု မရရှိနိုင်သေးတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းအရာကိုတော့ သတင်းထောက် ဇင်နိုနိုဇော်က တင်ဆက်ပေးထားပါတယ်ရှင်။