30 C
Yangon, MM
Friday, May 24, 2019
Home တီဗွီအစီအစဉ်များ တွေ့ဆုံမေးမြန်းခန်း

တွေ့ဆုံမေးမြန်းခန်း

    Four Women`s Voice အဖွဲ့က ဒေါ်လီလီနိုင်ကျော်န်ဲ့ ဒေါ်ဆွေဇင်ဦးတို့နဲ့ တွေ့ဆုံးမေးမြန်းခန်း

    လတ်တလောဖြစ်ပွားခဲ့တဲ့ FDA ဒုဦးစီးမှူး အမျိုးသမီး မရွှေရည်ဝင်း အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရပြီးတဲ့နောက် အဓ္ဓမပြုကျင့်သူများ သေဒဏ် ပေးရေး အတွက် လူထု့လက်မှတ်ကောက်ခံနေတဲ့ Four Women`s Voice အဖွဲ့က က ဒေါ်လီလီနိုင်ကျော် နဲ့ ဒေါ်ဆွေဇင်ဦးတို့ ကိုတွေ့ဆုံးမေးမြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ကျောင်းသားတွေ ကျောင်းထုတ်ခံရတာနဲ့ ပက်သက်ပြီးတော့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်

    ပညာရေးစရိတ်တိုးမြင့်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ ရတနာပုံတက္ကသိုလ် က ကျောင်းသားသမဂ္ဂ က ကျောင်းသားတွေ ကျောင်းထုတ်ခံရတာနဲ့ ပက်သက်ပြီးတော့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေရှိနေပါတယ်။ ဒီအကြောင်းအရာ နဲ့ ပက်သက်ပြီးတော့ ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုနန္ဒစစ်အောင် နဲ့ အတူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဗကသ အမှုဆောင် ကိုမင်းသွေးသစ်တို့ကို...

    ဘင်္ဂါလီနဲ့ ပတ်သက်ရင် ဒေါက်တာဇာနည် ငါးစိမ်းသည်လို အမူအကျင့်တွေပဲ ရှိတော့တယ် (ရုပ်/သံ)

    ဘင်္ဂါလီအရေးနဲ့ ပတ်သက်ရင် ဒေါက်တာဇာနည်မှာ ပညာတတ်အမူအကျင့်တွေ ပျောက်ဆုံးသွားပြီး ငါးစိမ်းသည်လို အမူအကျင့်တွေပဲ ရှိတော့တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးညိုအုန်းမြင့်က ပြောကြားလိုက်ပါတယ်။ တူရကီရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ TRT ရုပ်သံလိုင်းရဲ့ The Newsmakers အစီအစဉ်မှာ ဒေါက်တာဇာနည်နဲ့အတူ စကားစစ်ထိုးပွဲမှာ ပါဝင်ပြောကြားပြီးတဲ့ နောက် MCN သတင်းဌာနရဲ့...

    ညီဘွားညီ နဲ့တွေ့ဆုံမေးမြန်းခန်း (ရုပ်/သံ)

    https://www.youtube.com/watch?v=BWTBklzEqs8 Facebook အပါအဝင်လှုမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဝေဖန်ပစ်တင်တာတွေ ခံနေရတဲ့ အနုပညာရှင် ညီဘွားညီကို MCN သတင်းဌာနက တွေ့ဆုံမေးမြန်းတင်ဆက်ပေးထားပါတယ်။

    စက်ချုပ်ပညာ သင်တန်းအတွက် သင်တန်းရွေးချယ်မှု မမှားကြဖို့လို

    https://www.youtube.com/watch?v=DK-iHX2wbO8 မင်္ဂလာပါရှင့် ၊ MCN သတင်းဌာနရဲ့ လူထုဝန်ဆောင်မှု ကဏ္ဍတစ်ခုအဖြစ် တင်ဆက်ပေးနေတဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်က ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကနေ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုဖြစ်တဲ့ စက်ချုပ်ပညာ သင်တန်းအတွက် သင်တန်းရွေးချယ်မှုမမှားကြဖို့ ဒီဇိုင်းနာ ပြုံးသက်သက်ကျော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်။

    လူငယ်မူဝါဒကို ရန်ကုန်တိုင်းက လူငယ်ထုကို ချပြတော့မယ် (ရုပ်/သံ)

    https://www.youtube.com/watch?v=dstvicEAyao လူငယ်မူဝါဒကို တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ဘယ်လိုပုံစံမျိုး နဲ့ ပြုလုပ်သွားမှာလဲ ဆိုတာနဲ့ ဒီမိတ်ဆက်အခမ်းအနားကနေ လူငယ်တွေအတွက်ဘာတွေ ကောင်းကျိုးတွေရလာနိုင်မှာလဲ ဆိုတဲ့ အကြောင်းအရာတွေနဲ့ပက်သက်ပြီး လူငယ်မူဝါဒရေးဆွဲရေး လုပ်ငန်းကော်မတီဝင်ဟောင်း ကိုထက်ပိုင်စိုးကို တွေ့ဆုံမေးမြန်းတင်ဆက်သွားမှာဖြစ်ပါတယ်။

    သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လို ထိန်းချုပ်ကြမလဲ (ရုပ်/သံ)

    https://www.youtube.com/watch?v=NPeg4r6_OMg သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပွားမှု မြင့်တက်လာတဲ့အပြင် ပြည်သူတွေအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆိုမှုတွေရှိလာပါတယ်။သေဒဏ်ပေးဖို့ ဥပဒေပညာရှင်တွေအနေနဲ့ လွှတ်တော်ကို ဖိအားပေးမှုတွေရှိလာတဲ့အကြောင်းအရာနဲ့ ပက်သက်ပြီးတော့ ဘယ်လိုထိန်းချုပ်ကြမလဲဆိုတဲ့အပေါ်မှာ စာရေးဆရာမ ပန်ဆယ်လို ကိုတွေ့ဆုံမေးမြန်းတင်ဆက်သွားမှာဖြစ်ပါတယ်။

    လူငယ်အရင်းအမြစ်စင်တာကို ဦးဆောင်တည်ထောင်ခဲတဲ့ ကိုချမ်းငြိမ်းအောင်

    လူငယ်အရင်းအမြစ်စင်တာကို တည်ထောင်ရာမှာ ဦးဆောင်ပါဝင်ခဲတဲ့ ကိုချမ်းငြိမ်းအောင်နှင့် တွေ့ဆုံမေးမြန်းခန်း အစီအစဉ်။ ================================== https://www.youtube.com/watch?v=U9Vljxfox2E

    AA ကို တိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြားတာ စစ်ပွဲတွေကို ရှောင်ဖို့ စစ်တစ်ပွဲကို ဆင်နွှဲတာဖြစ်

    AA လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တာဟာ စစ်ပွဲတွေကို ရှောင်လွှဲဖို့ စစ်တစ်ပွဲ ဆင်နွဲတာ ဖြစ်နိုင်တယ်လို့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက သုံးသပ်ပြောကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် အပေါ်မှာလည်း တိုင်းရင်းသား အဖွဲ့အစည်းတစ်ချို့က ပြင်းပြင်းထန်ထန်...

    မြန်မာ့ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်တဲ့ သနပ်ခါးပွဲတော်ကျင်းပမည် (ရုပ်/သံ)

    https://www.youtube.com/watch?v=N93KNWqg_A4 မင်္ဂလာပါ ရှင်။ MCN သတင်းဌာနရဲ့ ပြည်သူ့ဝန်ဆောင်မှု ရုပ်/သံအစီအစဉ် တွေအဖြစ် တင်ဆက်ပေးနေတဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ ဆက်သွယ် မေးမြန်းခန်း အစီအစဉ်မှာတော့ မြန်မာ့ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်တဲ့ သနပ်ခါးလိမ်းခြယ်မှုကို (သနပ်ခါးပွဲတော်) ပွဲတော်တစ်ခုအဖြစ် ကျင်းပပြုလုပ်ဖို့ စီစဉ်နေတဲ့ Pansodan Gallery ပိုင်ရှင်ဖြစ်သူ ဆရာ...

    ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ဘယ်အချက်တွေက ဘယ်လိုဖြစ်နိုင်သလဲ​(ရုပ်/သံ)

    https://www.youtube.com/watch?v=ccZmRMZcBi4 ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်းဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်းကို ဖေဖ၀ါရီလ ၁၉ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ် ။ ဒီဥပဒေကြမ်းပြန်လည်ပြင်ဆင်ဖို့လုပ်ဆောင်နေတာကို ကန့်ကွက်မှုတွေရှိနေတာပါ ။ ဒီဥပဒေကြမ်းကို ကန့်ကွက်ဖို့လုပ်ဆောင်နေတာက ဘာကြောင့်လဲ ငြိမ်းစုစီ ဥပဒေကြမ်းက နိုင်ငံသားတွေအတွက် ဘယ်လိုထိခိုက်မှုတွေရှိနေသလဲ ဆိုတာကို...

    ငြိမ်းစုစီ ဥပဒေကြမ်းကို ဖျက်သိမ်းတဲ့အထိ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ကျော် လှုပ်ရှားသွားမယ် (ရုပ်/သံ)

    https://www.youtube.com/watch?v=wPDZpyWM3_s ပြင်ဆင်လိုက်တဲ့ ငြိမ်းစုစီ ဥပဒေကြမ်းဟာ နိုင်ငံသားတွေရဲ့ အခြေခံဥပဒေပါ မူလရပိုင်ခွင့်တွေကို တားဆီလိုက်တဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒီဥပဒေကြမ်းကို ပြင်ဆင်ဖျက်သိမ်းတဲ့အထိ လုပ်ဆောင်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေလည်းရှိနေပါတယ်။ ဒီအကြောင်းအရာ နဲ့ပက်သက်ပြီးတော့ ငြိမ်းစုစီ ဥပဒေကြမ်းပြင်ဆင်ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားနေတဲ့ ဒေါက်တာညိုညိုသင်းကိုတွေ့ဆုံမေးမြန်းတင်ဆက်သွားမှာဖြစ်ပါတယ်။

    သမ္မတ အမိန့်မပေးခင် တပ်မတော်က အပစ်ရပ်ခဲ့တာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အပံ့ဖြစ်

    နိုင်ငံတော်သမ္မတက အမိန့်ပေးခဲ့ရင် အပစ်ရပ်မယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုထားခဲ့ဖူးပြီး အခု သမ္မတ အမိန့်မပေးခင် တပ်မတော်က စစ်ဆင်ရေးနယ်မြေတချို့ကို တစ်ဖက်သတ် အပစ်ရပ်ခဲ့တာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အထောက်အပံ့ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရန်ကျော်က ပြောပါတယ်။ ဒါဟာ ကာကွယ်ေရးဦးစီးချုပ် အစဉ်အဆက်မှာ တပ်မတော်ရဲ့...

    ဒီနှစ် အကယ်ဒမီပေးပွဲမှာ အနုပညာရှင်တွေ စိတ်ပျက်စရာတွေ ကြုံရဦးမှာလား (ရုပ်/သံ)

    https://www.youtube.com/watch?v=iapUDJ02VQ8 မကြာခင်မှာ ပြုလုပ်တော့မယ့် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် အနုပညာရှင်တွေကလည်း စိတ်လှုပ်ရှားနေကြပါပြီ။ ဒါပေမဲ့ ဆုပေးပွဲမှာ အရင်လို အနုပညာရှင်တွေ စိတ်ပျက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံလာနိုင်ဦးမှာလား ဆိုပြီး စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ ဒီအကြောင်းအရာ နဲ့ ပက်သက်ပြီးတော့ အကယ်ဒမီဆုရှင် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ကို တွေ့ဆုံမေးမြန်းတင်ဆက်သွားမှာဖြစ်ပါတယ်။

    စားပွဲထိုး လေး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနဲ့ပက်သက်ပြီး အထင်လွဲမှုတွေရှိနေ (ရုပ်/သံ)

    https://www.youtube.com/watch?v=yw62noWHTds အခုလက်တစ်လောဖြစ်ပွားခဲ့တဲ့ စားပွဲထိုးလေးရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနဲ့ ပက်သက်ပြီးတော့ အင်တာနက်အသုံးပြုသူတွေအနေနဲ့ အထင်လွှဲမှားမှုတွေရှိနေပါတယ်။ ဒီအကြောင်းအရာနဲ့ပက်သက်ပြီးတော့ LGBT အရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေတဲ့ မရှင်းသန့်ကို တွေ့ဆုံမေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။