30 C
Yangon, MM
Monday, April 22, 2019

စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပြီးအလွန် ကျောမွဲလူမွဲများ (ဆောင်းပါး)

မပြီးခင် ဗမာမမြင်စေနဲ့ ဆိုတဲ့ စကားကို ကြားယောင်မိပါတယ်။ အခု အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုတော့ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပါပြီ။ မြန်မာနိုင်ငံဟာ ဆန်ရှင်ကနေ တရားသေ လွတ်သွားပါပြီ။ စီးပွားရေး ဒဏ်ခတ်ပိတ် ဆို့မှုတွေနဲ့ ပတ်သက်လို့ အားလုံးပြီးဆုံးခဲ့ပါပြီ။ ဒါပေမယ့် ဘာမှ...

လုပ်ငန်းခွင်ထဲမှာ ထိကပါးရိကပါး လုပ်လို့ရသလား….

“ ပုခုံးကို ပုတ်လိုက်၊ ခါးလာဖက်လိုက်နဲ့…” ထိကပါး ရိကပါး ပြုလုပ်ခံနေရတဲ့ စက်ရုံအလုပ်သမ မဝင်းမော်က သူမကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြနေတာပါ။ မဝင်းမော်တို့ရဲ့ စက်ရုံအလုပ်သမားခေါင်းဆောင် (အလုပ်ကြီးကြပ်သူ) တွေဟာ အမျိုးသားတွေဖြစ်ပြီး၊ မဝင်းမော် အပါအ၀င် အလုပ်လုပ်နေတဲ့ အမျိုးသမီးအလုပ်သမတွေကို နေ့စဉ် လုပ်ငန်းခွင်ထဲမှာ ထိကပါး၊ ရိကပါး ပြုလုပ်...

ကမ္ဘာတစ်လွှားက ထင်ရှားတဲ့ အမျိုးသမီး ၁၀ ဦး

အမျိုးသမီးတွေဟာ ကမ္ဘာတစ်ဝန်းမှာ သူတို့ရဲ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေကြပါတယ်။ အမျိုးသမီးတွေဟာ တန်းတူအခွင့် အရေးတွေ ရရှိဖို့ တစ်လျှောက်လုံးကြိုးစားလာခဲ့ပြီး ခုချိန်မှာတော့ အမျိုးသမီးနဲ့ အမျိုးသားတွေကို အဆင့်အတန်းခွဲထားတဲ့ နံရံကြီးကို အပြီးပြတ်မဟုတ်ရင်တောင် အတိုင်းအတာတစ်ခုထိ ဖြိုချနိုင်နေပြီဖြစ်ပါတယ်။ အေအက်ဖ်ပီသတင်းဌာနက ရွေးချယ်ဖော်ပြခဲ့တဲ့ ကမ္ဘာ့ နိုင်ငံရေးခေါင်းဆောင် အမျိုးသမီး ၁၀ ကို...

တရုတ် ဒီမိုကရေစီအရေး လှုပ်ရှားသူ လူရှောက်ဘိုရဲ့ ဘဝခရီးကြမ်း

တရုတ် ဒီမိုကရေစီအရေး လှုပ်ရှားသူ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် လူ ရှောက်ဘိုဟာ အသည်းကင်ဆာနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ လူရှောက်ဘိုဟာ ကဗျာဆရာ၊ လူ့အခွင့်အရေးလှုပ်ရှားသူ၊ စာပေပညာရှင်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီ တောင်းဆိုတဲ့ စာတမ်းကို ရေးသားခဲ့တဲ့ အတွက် လူရှောက်ဘိုကို တရုတ်အစိုးရက ၂၀၀၉ ခုနှစ်မှာ ထောင်ဒဏ်...

ဗိုလ်တထောင်က စနေမ

နေဒဏ်မိုးဒဏ်ကြောင့် ပင်ကိုယ်ထက်ပိုပြီး မဲပြာနေတဲ့အသားအရေ၊ ပိန်ကပ်ကပ် ခန္ဓာကိုယ်နဲ့ အသက် (၁၃)နှစ်အရွယ်ခန့်ရှိတဲ့ မိန်းကလေးငယ်တဦး…။ ပြီးတော့ သူမဟာ စနေနေ့မှာ မွေးဖွားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ မိဘတွေရဲ့စွန့်ပစ်မှုကို ခံခဲ့ရပြီး လမ်းပေါ်ရောက်မှန်းမသိ ရောက်လာရသူတဦးလည်း ဖြစ်တယ်။ “စနေမ”ဆိုတာကလည်း သူမနာမည်ရင်းမဟုတ်ပေမယ့် စနေနေ့မှာမွေးခဲ့လို့ ဆွေမျိုးတွေက ခေါ် ဝေါ်ကြတဲ့ နာမည်တစ်ခု။ “မိုးတွင်းဆို သိပ်စိတ်ညစ်ဖို့...

ဝါရှင်တန်၊ ပေကျင်း နှင့် စပ်ကူးမတ်ကူး မြန်မာ့အရေး (ဆောင်းပါး)

မြန်မာနိုင်ငံ၏ဒီမိုကရေစီစပ်ကူးမတ်ကူးကာလတွင် ပေကျင်းနှင့်ဆက်ဆံရေးသည် ၀ါရှင်တန်နှင့်ဆက်ဆံရေးထက် အရေးပါနေသည်။ အစိုးရချင်း ဆက်ဆံရေးတွင် ပေကျင်းသည် ၀ါရှင်တန်ထက် အသာစီးရနေပုံရသည့်အပြင်၊ တပ်မတော်ချင်း၊ ပါတီချင်း၊ စီးပွားရေး အဖွဲ့အစည်းချင်း ဆက်ဆံရေးတို့တွင် နှာတစ်ဖျားသာနေသည်။ ပြည်သူနှင့်ပြည်သူချင်းဆက်ဆံရေးတွင်မူ ၀ါရှင်တန်က ပေကျင်းထက် ရှေ့ကရောက်နေသည်။ မည်သို့ပင်ဖြစ်စေ၊ စပ်ကူးမတ်ကူး မြန်မာ့အရေးတွင် နေပြည်တော်သည် ၀ါရှင်တန်၊...

လေထန် မိုးသည်း ညမှ “အရွေ့”

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ၊ ဒုတိယအစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။ မေလ ၂၄ ရက်နေ့ကစလို့ ဆွေးနွေးပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ရာမှာ ဒီကနေ့ ပြည်ထောင်စု လက်မှတ်ရေးထိုးပြီး စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက် ကြီးမားတဲ့ အရွေ့တစ်ခုလို့ ဆိုချင်ပါတယ်။ ဒီအရွေ့ဟာ အရေးကြီးပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့...

နော်ဝေနိုင်ငံ ပညာရေးနှင့် ထိတွေ့ခြင်း (၃)

ကလေးကို မူကြိုထားရာကနေ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်ဖြင့် ပညာအဆင့်ဆင့် ဆက်လက် သင်ကြားစေတဲ့ ကျောင်းသားမိဘတွေဟာ ဘယ်လိုစိတ်ထား၊ ဘယ်လိုပံ့ပိုးမှုတွေနဲ့ မိမိသားသမီးကို ပံ့ပိုးပေးသင့်သလဲ။ နော်ဝေနိုင်ငံမှာတော့ မိဘတိုင်းလိုလိုရဲ့ စိတ်ဆန္ဒက - နေ့ကလေးထိန်းဌာနတွင် ကလေးများ အမြောက်အမြား သင်ယူတတ်မြောက်ကြသည်။ ၁။ အခြားကလေးများနှင့် အတူနေရသည့် အတွေ့အကြုံရဖို့ ဦးစားပေးရန်...

မြို့ပြနဲ့ အမှိုက်ပြဿနာ (ဆောင်းပါးကဏ္ဍ)

ရန်ကုန်ဟာ မြန်နာနိုင်ငံရဲ့ အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ တစ်ချိန်က အရှေ့တောင်အာရှမှာ ဂုဏ်ယူဝံ့ကြွားခဲ့ရတဲ့ မြို့ကြီးဟာအခုအခါမှာ မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ်တယ်လို့ ပြောဖို့တောင် ခက်နေပါပြီ။ မြို့ရဲ့ နေရာအနှံ့မှာတွေ့နေရတဲ့ အမှိုက်တွေက ရန်ကုန်ရဲ့ သာယာလှပမှုအတွက် အဟန့်အတားဖြစ်နေဆဲပါ။ အမှိုက်ကို စနစ်တကျစွန့်ပစ်မှုက ဒီနေ့အထိ အားနည်းနေဆဲဖြစ်သလို အဲဒီအပေါ် အရေုးယူမှုကပါ အားနည်းနေတာကိုတွေ့ရပါတယ်။...

လိင်မုဆိုးလား ပွဲစားလား

မြန်မာနိုင်ငံမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားတာတွေ ပိုများလာနေသလိုဘဲ ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမတွေကြားမှာလည်း အဓမ္မပြုကျင့်ခံရမှုတွေ ရှိနေတာ မကြာခဏ ကြားသိရပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးတဝိုက် မြန်မာနိုင်ငံသားတွေ နေထိုင်ကြတဲ့နေရာမှာ တလကို (၁)ကြိမ်ကနေ (၃)ကြိမ် အထိ မြန်မာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံမှုတွေနဲ့ မတရားပြုကျင့်ခံနေရမှုတွေ ရှိနေတယ်လို့...

မယ်တထမ်း မယ်တရွက်

“ ကျမတို့ဘ၀က ထမ်းမှ ပိုက်ဆံရမယ်။ ပိုက်ဆံရမှ ဆန်၊ ဆီ၊ ဆေး၊ ဆား ဝယ်နိုင်မယ်။ ပိုက်ဆံမရှိဘူး” ကျိုင်းတုံဈေးထဲက အထမ်းသမတဦးဖြစ်တဲ့ နန်းဆာက ပြောပါတယ်။ “ အထမ်းသမားခေါ်မလို့လား၊ ခေါ်လို့ရတယ်နော်၊ ကျမတို့ကိုခေါ်ပါ” ဆိုပြီး ကပိုကရိုဝတ်စားလို့ ဘေးလွယ် အိတ်လေးတွေ စလွယ်သိုင်းထားတဲ့ အမျိုးသမီးတွေက ရှမ်းဘာသာနဲ့လှမ်းမေးနေတာပါ။ သူတို့ဟာ...

ရေ အရင်းအမြစ်တွေ ဘာကြောင့် ဆုံးရှုံးနေရသလဲ

ကျွန်မတို့ လူသားတိုင်း အသက်ရှင်သန်ရေးအတွက် ရေဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်မဆုံးရှုံးစေဖို့ ရေ များများ သောက်ပေးဖို့ လိုသလို၊ စိုက်ပျိုးမွေးမြူရေး၊ ချက်ပြုတ်ရေး . . .အားလုံးအတွက် ရေကို အသုံးပြုနေရပါတယ်။ ဒါပေမဲ့ သန့်ရှင်းတဲ့ရေကို ဘယ်လောက်အထိ အသုံးပြုနိုင်ပြီလဲဆိုတာ မေးခွန်းထုတ်စရာ...

NLD အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နှစ်တာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရသက်တမ်း တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ ချီတဲ့ စစ်အုပ်ချုပ်မှု၊ အရပ်သားတစ်ပိုင်း အစိုးရရဲ့ အုပ်ချုပ်မှုတွေကနေ လက်လွှဲယူခဲ့ရတဲ့ NLD အစိုးရရဲ့ အနေအထားဟာ တစ်နှစ်ဆိုတဲ့ ကာလအပိုင်းအခြားနဲ့ သုံးသပ်ရင် အဖြူအမည်း သဲကွဲဖို့ ခက်မှာ ဖြစ်ပါတယ်။ ပြည်သူတွေ...

‘’ဥရောပ နွေဦးနှင့် ဒိန်းမတ်သို့ ခရီးသွားကြမယ်”

စာရေးသူမှာ ခရီးသွားတာ ၀ါသနာပါတာကြောင့် ခရီးသွားဆောင်ပါးလေးရေးရင် သိပ်ပြီးတော့ ကောင်းမယ်လို့ စိတ်ကူးနေမိတာကတော့ အမှန်ပါပဲ။ သို့သော် အကြောင်းကြောင်းကြောင့် စာတွေမရေးဖြစ်ခဲ့ပါဘူး။ အခုတော့ အကြောင်းတိုက်ဆိုင်လို စာရေးဖို့ ဖြစ်လာခဲ့ပါပြီ။ အခုတော့ဒီစာနဲ့အတူ မြန်မာပြည်ကလူငယ်တွေကို ဒိန်းမတ်နိုင်ငံ ခရီးကို ခေါ်သွားပါမယ်။ အခုရာသီဟာ ဆောင်းကုန်ခါနီး နွေးဦးရောက်တော့မှာမို့ အရွက်အဖူးလေးတွေ ထွက်စပြုပါပြီ။...

အတိုင်ပင်ခံပုဂ္ဂိုလ်၊ နည်းဥပဒေဟာကွက်နှင့်စပ်မိစပ်ရာ

နည်းဥပဒေ မရှိလင့်ကစား၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်သည့်ဥပဒေများရှိသဖြင့်၊ ဥပဒေတိုင်း အတွက် နည်းဥပဒေလို အပ်သည်ဟုလှေနံဓားထစ်မှတ်ယူရန်မဖြစ်နိုင်ပေ။ နည်းဥပဒေကိုထုတ်ပြန်ပြီးပါက၊ ဥပဒေပါပြဋ္ဌာန်း ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုခရီးပေါက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေသည် နည်းဥပဒေဟာကွက်ဖြစ်နေသော ဥပဒေတစ်ရပ်ဟု ဆိုနိုင်သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ နည်းဥပဒေကို ထုတ်ပြန်နိုင်မည်ဆိုလျှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊...