30 C
Yangon, MM
Monday, April 22, 2019

ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု စာရင်း တင်သွင်းမယ့် မြန်မာ့အမွေအနှစ်များ

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်သလို အရှေ့တောင်အာရှရဲ့ ဒေသတွင်းသမိုင်းကို ဆက်စပ်ပေးနိုင်မယ့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားတွေ ရှိတဲ့နေရာများ အများအပြား တည်ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဒီလို များပြားလှတဲ့ အမွေအနှစ် ဒေသတွေရှိတဲ့ အထဲမှာမှ ပုဂံဒေသဟာ ကမ္ဘာမှာ ကျော်ကြားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။...

ပြောင်းလဲပြီး ချိန်တန်ပြီ

ပြီးခဲ့တဲ့ရက်က ပြန်ကြားရေးဝန်ကြီးကနေ မီဒီယာတစ်ချို့နဲ့ လှူပ်ရှားတက်ကြွသူ တစ်ချို့ကိုဖိတ်ပြီး ဆွေးနွေးပွဲလုပ်တဲ့ သတင်းကြားရတယ်။ ထွက်လာတဲ့ သတင်းတွေအရ ရခိုင်နယ်ထဲက ဖြစ်ရပ်တွေမှာ နိုင်ငံတကာမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ပတ်သက်လို့ ဆွေးနွေးအကြံယူတာလို့ဆိုတယ်။ ကောင်းပေမဲ့ အတော်နောက်ကျနေတဲ့ ဆွေးနွေးပွဲလို့ပဲ မြင်မိပေမဲ့ ဒီလိုလေး လုပ်ရမယ်ဆိုတဲ့ အသိလေးရှိတယ်ဆိုတာကိုတော့ ချီးကျူးအသိအမှတ်ပြုရပါမယ်။ အဲဒီဆွေးနွေးပွဲ အပြည့်အစုံနဲ့ ဆွေးနွေးပွဲကနေ နောက်တဆင့် ဘာတွေလုပ်မယ်ဆိုတာတော့...

မြောက်ကိုရီးယားက ဂူအမ်ကျွန်းကို တိုက်ခိုက်ရင် ဘာဖြစ်မလဲ

အမေရိကန်ကို ရန်သွားစရင် စစ်အင်အား အပြည့်အစုံနဲ့ တုံ့ပြန်မှာဖြစ်လို့ မြောက်ကိုရီးယားက ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မယ်ဆိုရင် “ကိုယ့်သေတွင်းကိုယ်တူး” တာနဲ့ အတူတူပဲလို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင် စီမံခန့်ခွဲပြီး သြဂုတ်လလယ်မှာ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တာလတ်ပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မယ်လို့...

သူတောင်းစားပေးတဲ့အကြံ လက်မခံ (ဆောင်းပါးကဏ္ဍ)

ဒီနေ့နိုင်ငံပိုင်သတင်းစာဆောင်းပါးတစ်ပုဒ်ကို ဖတ်တဲ့အခါ ခေါက်ရိုးကျိုးနေတဲ့ အလေ့အထလွဲတွေ၊ အယူမှားနေတဲ့ လုပ်ပုံကိုင်နည်း အစွဲဟောင်းတွေကို ပြင်ဖို့အချိန်ယူရဦးမယ်ဆိုတာကို တွေ့ရပါတယ်။ တကယ်တော့ဒီအသုံးအနှုန်းမျိုးကို ပြီးခဲ့တဲ့အစိုးရ ငါးနှစ်မှာလည်း အကြိမ်ကြိမ်အသုံးပြုတာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ အချို့ကိုပြုပြင် ဆောင်ရွက်တာတွေလည်း လုပ်ခဲ့တာရှိပါတယ်။ ဒါပေမဲ့ ဖြစ်ပေါ်မလာတာတွေ၊ နှောင့်နှေး ကြန့်ကြာမှုတွေအတွက် အပြောင်းအလဲ ကာလ အခက်အခဲဆိုတာတွေကိုပဲ...

ဘာစီလိုနာက ပေးတဲ့ သင်ခန်းစာ – လွတ်လပ် ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို စိန်ခေါ်မှု

မော်တော်ကားကို လက်နက်သဖွယ်သုံးပြီး တိုက်ခိုက်တဲ့ အစ္စလမ်အစွန်းရောက်တွေရဲ့ ထပ်မံအကြမ်းဖက်မှု စပိန်နိုင်ငံ၊ ဘာစီလိုနာမှာ ဖြစ်ပွားခဲ့ပါတယ်။ ကားနဲ့ အကြမ်းဖက်တိုက်ခိုက်မှု Vechicular Jihad တွေဟာ ဘာစီလိုနာ (၂၀၁၇)၊ လန်ဒန် (၂၀၁၇)၊ ဘာလင် (၂၀၁၆) နဲ့ နိစ် (၂၀၁၆) တို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေ...

၂၁ ရာစု ဂျီဟတ်အကြမ်းဖက်ဝါဒနှင့် မြန်မာနိုင်ငံ (ဆောင်းပါး)

၂၁ ရာစု အကြမ်းဖက်ဝါဒ ၂၁ ရာစု အကြမ်းဖက်ဝါဒဟာ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ပြောင်းလဲလာခဲ့တာကို တွေ့ရှိရပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ချိတ်ဆက်မှုကို အကျိုးရှိရှိ အသုံးချသွားနိုင်တာက နိုင်ငံတကာ အကြမ်းဖက်ဝါဒီတွေ ဖြစ်တယ်ဆိုတဲ့ ကောက်ချက်တွေလည်း ထွက်ပေါ် လာခဲ့ပါတယ်။ ၂၁ ရာစု အကြမ်းဖက်ဝါဒမှာ သီးခြားထွက်ပေါ်လာခဲ့တာကတော့ ၂၁ ရာစု...

ရော့ခ်ကဗျာနဲ့ နိုဘယ်လ်ဆု (ဆောင်းပါး)

(၁) ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စာပေသမားတွေ စိတ်ဝင်တစား မျှော်လင့်နေကြတဲ့ စာပေဆိုင်ရာ ၂၀၁၆ နိုဘယ်လ်ဆုကို ဘော့ဒိုင်လန် ရရှိ သွားကြောင်း ကြေညာတဲ့အခါ အံ့အားသင့်သူတွေ သင့်ကုန်ပါတယ်။ အမေရိကန်နိုင်ငံသားတစ်ယောက်ဦးအနေနဲ့ ဆင်ကလဲယားလူးဝစ္စ နောက်ပိုင်း အနှစ်သုံးဆယ်နီးပါးကြာမှ ဒုတိယ မြောက်အဖြစ် ရခဲ့သူဖြစ်ပေမဲ့ ရထိုက်၊ မရထိုက် ၀ိဝါဒကွဲပြားမှုတွေ ရှိနေခဲ့ပါတယ်။ Bod...

ဥပဒေနဲ့ ထိန်းချုပ်ဖို့ လိုအပ်နေတဲ့ အသံချဲ့စက် ပြဿနာ (ဆောင်းပါး)

မြန်မာနိုင်ငံရဲ့ မြို့ပြမှာရော၊ ကျေးလက်မှာပါ နေ့စဉ်နဲ့အမျှ တွေ့ကြုံနေရတာက ဆူညံသံ ပြဿနာဖြစ်ပါတယ်။ ကျွန်မတို့ဟာ လူ့ သဘာဝအရ ဆူညံသံနဲ့ သာယာသံမှာ သာယာသံကိုပဲ နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အရင်ကထက် ပိုမိုဆိုးဝါးလာနေတဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဆူညံသံနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ လိုအပ်နေပါပြီ။ ဘ၀ရှင်သန်မှုအတွက် မနက်မိုးလင်းကတည်းက...

လွှတ်တော်ဥက္ကဋ္ဌနဲ့ ဘက်မလိုက်မှု

ပါလီမန်ဒီမိုကရေစီစနစ်မှာ လွှတ်တော်ဥက္ကဌ ဆိုတာ အလွန်အရေးကြီးတဲ့ရာထူးပဲ။ ပါလီမန် စနစ် ကို စပြီးကျင့်သုံးတဲ့ ဗြိတိန်နိုင်ငံမှာ ၁၂၅၈ ခုနှစ်က စပြီး လွှတ်တော်ဥက္ကဌ ရာထူးကို စပြီးထားခဲ့ ပေမယ့် ၁၃၇၇ ခုနှစ်မှ ပီပီပြင်ပြင်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ဒါတောင်မှ အဲဒီအချိန်ကာလ တွေက ဘုရင်တွေက တစ်သွေးတစ်သံတစ်မိန့်နဲ့သက်ဦဆံပိုင်အုပ်ချုပ်နေချိန်ဆိုတော့...

မေယု FM ဘာလဲ… ဘယ်လဲ… (ဆောင်းပါး)

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် ဒေသ အတွက် မေယု FM ရေဒီယို အစီအစဉ်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒေသခံဘာသာစကားတွေနဲ့ စမ်း သပ် ထုတ်လွှင့်နေတယ်ဆိုတော့ ဒီလို ထုတ်လွှင့်မှုကို ကန့်ကွက်မယ်ဆိုတဲ့ သတင်းတွေ ဖတ်ရ ပါတယ်။ ဒီလိုထုတ်လွှင့်မှုအပေါ်...

မြစ်ဆုံအရေး ဆွေးနွေးအဖြေရှာဖို့ အချိန်တန်ပြီ

မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီး လေးသွယ်ထဲမှာ ဧရာဝတီမြစ်ဟာ အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သလို ကိုယ့်နိုင်ငံထဲမှာပဲ မြစ်ဖျားခံရာနေရာကနေ ပင်လယ်ထဲအထိ စီးဝင်တဲ့မြစ် ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကိုအခြေပြုပြီး ပေါ်ပေါက်လာခဲ့ရတဲ့ မြို့ရွာတွေ အများအပြားရှိသလို လူအများစုရဲ့ အသက်မွေးဝမ်းကျောင်းမှုဟာလည်း ဧရာဝတီမြစ်အပေါ် မူတည်နေပါတယ်။ ကမ္ဘာပေါ်မှာ ကျွန်မတို့မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ် အခံရဆုံး ဒုတိယလိုက်တဲ့ နိုင်ငံဖြစ်လာတာနဲ့အတူ...

အစွန်းရောက်ဝါဒ အတွက် UK ဟာ ပျော့ကွက် ဖြစ်နေပြီလား

UK နိုင်ငံ၊ မန်ချက်စတာ အရီနာမှာ မေလ ၂၂ ရက်နေ့ညက ၂၂ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရတဲ့ အသေခံ ဗုံးခွဲမှု ဖြစ်ပွားခဲ့ပါတယ်။ UK ရဲ့ တတိယမြောက် လူဦးရေ အထူထပ်ဆုံး မြို့ရှိ လူ ၂...

အိုရီဆန်း တံတား (သို့မဟုတ်) ဆွီဒင်-ဒိန်းမတ် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် အောင်မြင်မှု

မိမိလည်း ကျောင်းပိတ်ရက် ဖြစ်တာကြောင့် ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်သို့ ခရီးထွက်ခဲ့ပါသည်။ ကိုပင်ဟေဂင်ကို ဒေသခံပြည်သူများက “ရှောပင်ဟာဗင်” ဟု ခေါ်ကြပါသည်။ မိမိ ကားပေါ်ရောက်တော့ ဥရောပကား၏ သဘောသဘာဝကို သိရပါသည်။ ဥရောပကားကို ပထမဆုံးအကြိမ် စီးဖူးခြင်းပင် ဖြစ်ပါသည်။ မိမိနေတဲ့ ဥရောပ ၇...

ငြိမ်းချမ်းရေး.. ဋီကာ (သစ္စာနီ)

တကယ်တော့ သမိုင်းဆိုသည် စစ်ပွဲများ၏ မှတ်တမ်းသာဖြစ်သည်။ ငြိမ်းချမ်းရေးဆိုသည်မှာ စစ်နှင့် စစ်ရပ်စဲထားသော ကြားကာလကို ခေါ်ဆိုခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ကဲ့သို့ လူအသေအပျောက်ဆုံးရှုံးမှုများသောစစ်ပွဲများ၊ ခရူးဆိတ်စစ်ပွဲကဲ့သို့ နှစ်ကာလရှည်ကြာစွာ ဆင်နွှဲရသော စစ်ပွဲများဟူ၍ရှိခဲ့သည်။ ကျွန်တော်တို့မြန်မာပြည်တွင် ပြည်တွင်းစစ်သည် လွတ်လပ်ရေး၏ ဖွားဘက်တော်ဟု ဆိုနိုင်သည်။ လွတ်လပ်ရေးရပြီး သုံးလအကြာတွင်...

ဗယ်လင်တိုင်းဒေးကို ဘယ်နိုင်ငံတွေက အပြစ်မြင်ကြသလဲ

ဗယ်လင်တိုင်းဒေးကို ချစ်သူနဲ့အတူ ပျော်ရွှင်ရတဲ့နေ့လို့ မသတ်မှတ်ဘဲ လက်မထပ်ခင် နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိခြင်းကို လက်မခံတဲ့ နိုင်ငံတွေ၊ ဘာသာရေး အစဉ်အလာ၊ ယဉ်ကျေးမှုနဲ့ သွေဖည်တယ်လို့ ယူဆတဲ့ဒေသတွေလည်း ရှိပါတယ်။ တချို့နိုင်ငံတွေက ဥပဒေနဲ့တောင် ထုတ်ပြန်တားမြစ်တာမျိုး ရှိပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ဗယ်လင်တိုင်းဒေးကို အစ္စလာမ်နဲ့ မလျော်ညီဘူးဆိုပြီး တရားရုံးက...