28 C
Yangon, MM
Thursday, January 17, 2019

ဘီးခွန် ကောက်ခံရေးလုပ်ငန်း လေလံချထားရမှာ စည်းကမ်းဖောက်ဖျက် မှုတွေရှိနေ

အခုနှစ်အတွက် ပြင်ဦးလွင်မြို့ဝင် ဘီးခွန် ကောက်ခံရေးလုပ်ငန်း လေလံချထားပေးရာမှာ စည်းကမ်းဖောက်ဖျက်မှုတွေ ရှိနေပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဥာဏ်လင်းထူးက ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=BwuUFpSTjqU&feature=youtu.be မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ဝင် ဘီးခွန်ကောက်ခံရေး လုပ်ငန်းအတွက် လေလံချထားပေးရာမှာ မူလအနိုင်ရထားသူကို မပေးပဲ စည်းမျဉ်းနဲ့ မကိုက်ညီသူတွေနဲ့ ထပ်မံယှဉ်ပြိုင် ခိုင်းတဲ့ အပေါ် လေလံလုပ်ငန်းလုပ်ဆောင်နေသူတွေအနေနဲ့...

မသန်စွမ်းသူတွေ အလုပ်အကိုင်ရဖို့ လွှတ်တော်မှာ အဆိုတင်သွင်းမယ်

မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အရေး အပြည့်အဝရရှိဖို့ ဥပဒေနည်းဥပဒေတွေ အားနည်းချက်တွေ ရှိနေတာနဲ့ပက်သက်ပြီး လွှတ်တော်မှာ အဆိုတစ်ရပ် တင်သွင်းသွားမယ်လို့ ပုသိမ်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=E0O26DLkPwQ&feature=youtu.be ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်း အစီရင်ခံစာအရ ဧရာဝတီတိုင်းဒေသကြီးမှာ မသန်စွမ်းဦးရေအများဆုံး...

မောင်တောမြို့တောင်ပိုင်းမှာ ဘင်္ဂါလီတွေ နေရာမချထားဖို့ ANP ပြော (ရုပ်/သံ)

ပြန်လည်ဝင်ရောက်လာမယ့် ဘင်္ဂါလီတွေ မောင်တောမြို့နယ်တောင်ပိုင်းမှာ နေရာချထားမှုတွေ မပြုလုပ်ဖို့ လိုအပ်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းရှိ နေရပ်ပြန်မယ့်သူတွေကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး တစ်ရက်ကို လူ...

ကျောက္ကာကျေးရွာကို မြိတ်ကျွန်းစုရဲ့ လေ့လာရေး ခရီးစဉ်သစ်အနေနဲ့ တိုးချဲ့ (ရုပ်/သံ)

တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကျောက္ကာကျေးရွာကို မြိတ်ကျွန်းစုရဲ့ လေ့လာရေး ခရီးစဉ်သစ်အနေနဲ့ တိုးချဲ့ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး မောင်ထက်က တင်ဆက်ပေးထားပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျောက္ကာကျေးရွာကို ပြည်တွင်း၊ ပြည်ပက နိုင်ငံခြားသားတွေ လေ့လာစရာ ခရီးစဉ်သစ်တစ်ခုအနေနဲ့တိုးချဲ့ခဲ့ပါတယ်။ ကျောက္ကာကျေးရွာဟာ တံငါလုပ်ငန်းနဲ့...

ဖမ်းဆီးခံနေရတဲ့ ကျောင်းသား လူငယ်သုံးဦးကို အာမခံနဲ့ ပြန်လွှတ် (ရုပ်/သံ)

စရဖ တပ်ကြပ်တစ်ဦး ပစ်သတ်ခံရမှုမှာ ဖမ်းဆီးခံနေရတဲ့ ကျောင်းသား လူငယ်သုံးဦးကို အာမခံနဲ့ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ စစ်တွေမြို့ပေါ် ဝင်္ကဘာကွင်းဈေးရောင်းပွဲတော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ညက စစ်ဘက်ရေးရားလုံခြုံရေး တပ်ဖွဲ့ဝင် ဖိုးလုံးခေါ် တပ်ကြပ်ဝင်းထိုက်...

ကလေးသူငယ်တွေ နိုင်ငံသားကောင်းတွေဖြစ်ဖို့ ပျိုးထောင်တဲ့အခါ ပူးပေါင်းလုပ်ဆောင်ဖို့လို (ရုပ်/သံ)

ကလေးသူငယ်တွေကို နိုင်ငံသားကောင်း ဖြစ်လာဖို့ ပျိုးထောင်တဲ့နေရာမှာ အားလုံးပူးပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က တိုက်တွန်းပြောကြား လိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။ နိုင်ငံသားကောင်းလေးတွေဖြစ်လာဖို့ ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ ဌာနတစ်ခုထဲကနေ လုပ်ဆောင်လို့မရသလို အများအားနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့လိုအပ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန...

ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးသူ ၅၈ ရာခိုင်နှုန်းသာရှိ (ရုပ်/သံ)

ရသေ့တောင်မြို့ ကြားဖြတ်ရွေးကောက်ပွဲမှာ လာရောက်မဲပေးသူ ၅၈ ရာခိုင်နှုန်းကျော်သာ ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ် (၂)...

ဆတ်ရိုးကျ တံတားကြောင့် လုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့နေ (ရုပ်/သံ)

စစ်တွေမြို့က ဆတ်ရိုးးကျ အမှတ် (၁) တံတားကို တည်ဆောက်လိုက်တဲ့နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ချောင်းထဲသွားလာနေတဲ့ မော်တော်ဘုတ်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်နဲ့ ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းကို ဖြတ်သန်းထားတဲ့ ဆတ်ရိုးကျ အမှတ် (၁)...

အနံ့ဆိုးထွက်တဲ့ ငါးအမှုန့် ကြိတ်စက်ရုံကို ပိတ်သိမ်းတဲ့အထိ အရေးယူမယ် (ရုပ်/သံ)

အနံ့ဆိုးထွက်ရှိနေတဲ့ ငါးအမှုန့် ကြိတ်စက်ရုံကို ပိတ်သိမ်းတဲ့အထိ အရေးယူသွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။ မြိတ်မြို့မှာ ငါးအမှုန့်ကြိတ် စက်ရုံတွေက အနံဆိုးတွေ ထွက်ရှိနေတာကြောင့် စည်းကမ်းမလိုက်နာတဲ့ စက်ရုံကို ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ စက်ရုံတာဝန်ရှိသူတွေကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်...

တောင်ပိုင်း ABSDF နှစ် ၃၀ ပြည့်မှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် ရေစက်ချအမျှဝေ (ရုပ်/သံ)

တောင်ပိုင်းဒေသ ABSDF နှစ် ၃၀ ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် ရေစက်ချအမျှဝေခဲ့ကြပါတယ်။ ဒီသတင်းကို မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။ တောင်ပိုင်းဒေသရဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF ဖွဲ့စည်း တည်ထောင်ခြင်း နှစ် ၃၀...

ဘင်္ဂါလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေ ပြန်မလာတာ လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ကိစ္စတွေမှာ အခက်ခဲရှိနေ (ရုပ်/သံ)

ဘင်္ဂါလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေ ပြန်မလာသေးတာဟာ လုံခြုံရေး၊ စားနပ်ရိက္ခာဖုံလုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ကိစ္စတွေ အခက်ခဲရှိနိုင်တဲ့အတွက် ဖြစ်တယ်လို့ ဒေါက်တာ ဂေးလ မာဇက်တီက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ...

စစ်တွေမြို့မှာ CCTV ကင်မရာတွေ ထားရှိမယ် (ရုပ်/သံ)

ပြည်သူလူထုလုံခြုံရေးအတွက် စစ်တွေမြို့မှာ မကြာခင် CCTV ကင်မရာတွေ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ ပြည်သူလူထုလုံခြုံရေးအတွက် စီစီတီဗီ လုံခြုံရေးကင်မရာတွေကို အခုနှစ်အတွင်းမှာ တပ်ဆင်သွားဖို့ ရှိနေပါတယ်။ အခုလိုမျိုး စီစီတီဗီကင်မရာတွေကို တပ်ဆင်ဖို့...

လိင်အကြမ်းဖက်ခံခဲ့ရတဲ့ ကလေးသူငယ်တွေ ကျန်းမာရေးစောင့်ရှောက်နိုင်ဖို့ ဂေဟာဖွင့်လှစ်ပေးဖို့ လို (ရုပ်/သံ)

လိင်အကြမ်းဖက်ခံရတဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ အစိုးရအနေနဲ့ ဂေဟာတစ်ခု သီးသန့်ဖွင့်လှစ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို မုံရွာသတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက် ပေးထားပါတယ်။ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ လိင်အလွဲသုံး စားပြုလုပ်ခံရမှု၊...

တနင်္သာရီရိုးရာ နဂါးလှေလှော်ပွဲ ရိုးရာမပျက် ထိန်းသိမ်းထားနိုင်ဖို့ အကူအညီလိုအပ်နေ (ရုပ်/သံ)

နှစ်ပေါင်း ၈၀၀ ကျော် သက်တမ်းရှိတဲ့ တနင်္သာရီရိုးရာ နဂါးလှေလှော်ပွဲကို ရိုးရာမပျက် ထိန်းသိမ်းထားနိုင်ဖို့ အကူအညီတွေ လိုအပ်နေပါတယ်။ ဒီသတင်းကိုတော့ MCN မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး လဲ့ယဉ်အေးက တင်ဆက်ပေးထားပါတယ်။ တနင်္သာရီမြို့မှာ နှစ် ၈၀၀ ကျော် သက်တမ်းရှိ ရိုးရာနဂါးလှေလှော်ပွဲကို နှစ်စဉ်...

ရခိုင်က ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့် ၇ နှစ် ပေးမယ် (ရုပ်/သံ)

ရခိုင်ပြည်နယ်အတွင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဝင်ငွေခွန်ကင်းလွတ်ခွင့် ၇ နှစ်အထိ အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ်သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနဲ့ ကုမ္ပဏီများဥပဒေတွေကို ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ သိရှိနားလည်နိုင်ရေးအတွက် အောက်တိုဘာလ ၂၉ ရက်နဲ့...