26 C
Yangon, MM
Tuesday, June 26, 2018

မယ်နုအုတ်ကျောင်း ရှေးမူမပျက် ပြုပြင် (ရုပ်/သံ)

ရွှေဘိုခရိုင် ရေဦးမြို့နယ် မြင်းပေါက်ကျေးရွာနဲ့ ၀က်ဖိုးကျေးရွာကြားက နန်းမတော်မယ် နုအုတ်ကျောင်းကို ရှေးမှုမပျက်စတင် ပြင်ဆင်နေပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေကပေးပို့ ထားပြီး သဉ္ဇာ က တင်ဆက်ပေးထားပါတယ်။ https://www.youtube.com/watch?v=9hcFcdfbGnQ&feature=youtu.be လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်လောက်က စစ်ကိုင်းမင်းရဲ့ မိဘုရား နန်းမတော်မယ်နု...

ရခိုင်မှာ ဘာဝဘေးဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲမှု ဗဟိုဌာန (EOC)ဖွင့်လှစ်(ရုပ်/သံ)

သဘာဝဘေးဆိုင်ရာ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီထုတ်ပြန်နိုင်ရေးအတွက် အရေးပေါ် စီမံခန့်ခွဲမှု ဗဟိုဌာန (EOC)ကို စစ်တွေမြို့နယ်အတွင်းမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ်သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=yWxTcddr568 သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်တွေကို ထုတ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်းက အုန်းရည်ဖော်ကျေးရွာမှာ အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန (EOC)ရုံးကို...

အမရပူရ စီမံကိန်းလုပ်တဲ့ ကုမ္ပဏီ ငွေမရှင်းလို့ သတင်းစာရှင်း (ရုပ်/သံ)

အမရပူရစီမံကိန်းမှာ ပါဝင်တဲ့ မုဒြာကုမ္ပဏီအနေနဲ့ ငွေပေးချေဖို့ ကျန်ရှိနေတာကြောင့် နစ်နာနေရတယ်လို့ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ မန္တလေးအခြေစိုက် အသေးစားလုပ်ငန်းရှင်တွေက သတင်းစာရှင်လင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဥာဏ်လင်းထူး ကပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=LwXAejBULWU မန္တလေးမြို့ အမရပူရ မြို့ပြစီမံကိန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ မုဒြာကုမ္ပဏီအနေနဲ့ လက်တွဲလုပ်ကိုင်ခဲ့တဲ့ မြို့ခံစီးပွားရေးလုပ်ငန်းရှင်တွေကို ငွေပေးချေဖို့ ပျက်ကွက်တဲ့အတွက် နစ်နာသူတွေ...

တောင်သူတွေ အသုံးပြုတဲ့လမ်းကို ပိတ်ဆို့ထားတဲ့အတွက် အခက်တွေ့ (ရုပ်/သံ)

ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ထဲက ကျေးရွာဒေသခံတောင်သူတွေ အသုံးပြုနေတဲ့ လမ်းကို တောင်သူနှစ်ယောက်က ပိတ်ဆို့ ထားတဲ့အတွက် ဒေသခံတောင်သူတွေ အခက်ကြုံနေပါတယ်။ ဒီသတင်းကို MCN မုံရွာ သတင်းထောက် တင်မာဆွေ ကပေးပို့ ထားပြီး သဉ္ဇာ က တင်ဆက်ပေးထားပါတယ်။ https://www.youtube.com/watch?v=-pcCBhiMrXs&feature=youtu.be ရွှေဘိုခရိုင် ခင်ဦးမြို့နယ်...

ပုသိမ်မှာ FDA ကကျောင်းမုန့်ဈေးတန်းတွေကို ၀င်စစ် (ရုပ်/သံ)

ဆိုးဆေးပါတဲ့မုန့်တွေ၊ စားသုံးရန်မသင့်တဲ့မုန့်တွေ ရောင်းချတာတွေ အရေးယူဖို့အတွက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက ဦးစီးပြီး ပုသိမ်မြို့ပေါ်က ကျောင်းတွေကို လိုက်လံစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ပုသိမ် သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ် ။ https://www.youtube.com/watch?v=WCNYp8F670E ဧရာဝတီတိုင်းဒေသကြီး အတွင်းက ကျောင်းတွေမှာ FDA အဖွဲ့ကထုတ်ပြန်ထားတဲ့ ဆိုးဆေးပါတဲ့မုန့်တွေ၊...

တနင်္သာရီတိုင်းက အစိုးရနဲ့လွှတ်တော် စီမံကိန်းတွေကို ပွင့်လင်းမြင်သာစွာချမပြဟုဆို

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်တွေ စီမံကိန်းတွေကို ပွင့်လင်းမြင်သာစွာ ချပြမှု မရှိသေးဘူးလို့ မြိတ်ခရိုင် ၈၈ ပွင့်လင်းလူ့အဖွဲ့စည်းက ပြောကြားလိုက်ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေး ကတင်ဆက်ပေးထားပါတယ် ။ https://www.youtube.com/watch?v=PCo4kTgGkEk ဇွန်လ ၂၀ ရက်နေ့က မြိတ်မြို့မှာ...

ရိုးရာလက်ရက္ကန်းလုပ်ငန်းတွေ တိုးချဲ့ဖို့ အရင်းအနှီးလိုနေတဲ့အတွက် အခက်တွေ့(ရုပ်/သံ)

တပိုင်တနိုင် ရိုးရာလက်ရက္ကန်းလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်နိုင်ဖို့အတွက် အရင်းအနှီး လိုအပ်မှုတွေရှိနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=ZaqDoyWqbQI ရခိုင်ရိုးရာအထည်တွေကို စစ်တွေမြို့နယ်အတွင်းက ဝါဘိုကျေးရွာ၊ ကျားမသောက်ကျေးရွာ၊ ကံ့ကော်ကျွန်းကျေးရွာ စတဲ့ကျေးရွာအများအပြားမှာ တပိုင်တနိုင်လက်ရက္ကန်းထည်တွေအဖြစ် ရက်လုပ်နေကြတာဖြစ်ပါတယ်။ တပိုင်တနိုင်ရက်လုပ်နေကြတဲ့ ရက္ကန်းစင်တွေကထွက်ရှိတဲ့အထည်တွေကို အရည်အသွေးပြည့်မီတဲ့ အထည်တွေအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ဖို့အတွက်...

ကလေးငယ် ရိုက်နှက်ခံရမှု ရဲက အမှုဖွင့်မပေး (ရုပ်/သံ)

အသက် ၁၂ အရွယ် ကလေးငယ်ရိုက်နှက်ခံရမှုကို ရဲစခန်းကိုတိုင်ကြားခဲ့ပေမယ့် အမှုမဖွင့်ပေးတာကြောင့် မိဘတွေက ကျေနပ်မှုမရှိဖြစ်နေပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် ဟန်ထူးဇော်က ပေးပို့ထားပါတယ် https://www.youtube.com/watch?v=775AGsoMc5w ပြည်မြို့ စက်မှုကွက်သစ်ထဲက တည်ခိုခန်းတခုရဲ့အလုပ်သမားတစ်ဦးက အသက် ၁၂ အရွယ်ကလေးငယ်ကို ရိုက်နှက်တဲ့အတွက် ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့်...

မန်းမှာ ရေကြီးရေလျှံမှုတွေ ကြိုတင်ကာကွယ်ဖို့ အရေးပေါ် အစည်းအဝေးပြုလုပ် (ရုပ်/သံ)

မန္တလေးမြို့သဘာဝဘေး တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့အနေနဲ့ ရေကြီးရေလျှံမှုတွေအတွက် အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCNမန္တလေးသတင်းထောက် ဥာဏ်လင်းထူး ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=mD3_UnOZCIo မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ မ်ြကမ်းပါးပြိုမှုတွေ ဖြစ်ပေါ်နေပြီး အဲ့ဒီလို နေရာတွေကို လိုက်လံကူညီနိုင်ဖို့ ည်းထားတဲ့ သဘာဝဘေးတုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့အနေနဲ့ အရေးပေါ်အစည်းအဝေးခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ မန္တလေးမြို့ခံပရဟိတအဖွဲ့အစည်းတွေ စုပေါင်းပြီးသဘာဝဘေးဖြစ်ပေါ်တဲ့ နေရာတွေကို ကူညီပေးနိုင်ဖို့ သဘာဝဘေးတုန့်ပြန်ရေးအဖွဲ့ကို ပြီးခဲ့တဲ့နှစ်အတွင်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ Soundbite...

မန္တလေးမြို့မှာ ပထမဆုံး ဆိုင်ကယ် စတန့်ရှိုးပွဲပြူလုပ် (ရုပ်/သံ)

မန္တလေးမြို့ရဲ့ ပထမဆုံးstuntshow ပွဲကို မန္တလာသီရိဘောလုံးကွင်းမှာဇွန်လ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ် ။ဒီသတင်းကို MCNမန္တလေးသတင်းထောက် ဥာဏ်လင်းထူးကပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=PccxFWB4goE မန္တလေးမြို့ခံ ဆိုင်ကယ်စတန့်သမားတွေရဲ့ စတန့်အရည်အချင်းတွေပြသတဲ့ စတန့်ရှိုးပွဲကို မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းအတွင်းမှာ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မန္တလေးမြို့မှာ ဆိုင်ကယ်စတန့်ဆော့ကစားတဲ့ လူငယ်တွေ အများအပြားရှိပေမယ့် စတန့်ပြိုင်ပွဲတွေနဲ့ စတန့်ရှိုးပွဲတွေ မပြုလုပ်နိုင်ပဲ အခုရှိုးပွဲကို ပထမဆုံးအနေနဲ့...

ကန်ထရိုတ် ဆောက်တဲ့ကျောင်း လပိုင်းအတွင်း ပျက်စီးလို့ အခက်တွေ့ (ရုပ်/သံ)

တာတိုင်ကျေးရွာမှာရှိတဲ့ မူလွန်ကျောင်းဆောက်လုပ်ပြီး လပိုင်းအတွင်းနံရံတွေကွဲအက်လာတာကြောင့် ကျောင်းသူကျောင်းသားတွေ ကျောင်းပြင်ပထွက်စာသင်ကြားနေရပါတယ် ။ဒီသတင်းကို MCN မုံရွာ သတင်းထောက်တင်မာဆွေကပေးပို့ထားပြီး သင်ဇာက တင်ဆက်ပေးထားပါတယ် ။ https://www.youtube.com/watch?v=dPcn_DW1Zb8 ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သက်ပေးအုပ်စု တာတိုင်ကျေးရွာမှာရှိတဲ့ မူလွန်ကျောင်းကို ကျောင်းဆောင် သစ်ဆောက်လုပ်ပေးခဲ့ပြီး လပိုင်းအတွင်းမှာပဲ အောက်ခြေနံရံတွေကွဲအက်ပျက်စီးလာတာကြောင့် ကျောင်းသူ ကျောင်းသားတွေကျောင်းပြင်ပထွက်စာသင်ကြားနေရတာဖြစ်ပါတယ်...

ရွှေဘိုခရိုင်မှာ မိုးကြီးလို့ တောင်ယာ ဧက ထောင်ချီပျက်စီး (ရုပ်/သံ)

ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် တောင်ယာ ဧက ထောင်ချီ ပျက်ဆီးဆုံးရှုံး သွားပါတယ် ။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေပေးပို့ထားပြီး အောင်သူ ကတင်ဆက် ပေးထားပါတယ် ။ https://www.youtube.com/watch?v=TEM85-TLa9U စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်...

ထန်းလျက်ချက်လုပ်ငန်း မကောင်းလို့ ထန်းရည်ပြောင်းရောင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်းမှာ ထန်းလျက်ချက်လုပ်ငန်း မကောင်းတဲ့အတွက် ထန်းရည်ရောင်းချတဲ့ လုပ်ငန်းကို ပိုမိုလုပ်ကိုင်လာနေကြပါတယ် ။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေကပေးပို့ထားပြီး တင်မောင်ထွေး ကတင်ဆက်ပေးထားပါတယ် ။ https://www.youtube.com/watch?v=fV-aHMgzFts စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့အနီးက ထန်းလျက်ချက်လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေဟာ ထန်းလျက်ဈေးကောင်းမရတဲ့အတွက် ထန်းရည်ရောင်းချခွင့်တင်ပြီး ထန်းရည်ဆိုင်အများအပြား ဖွင့်လှစ်ရောင်းချလာကြတာ ဖြစ်ပါတယ်...

ပြည်သူများ နှလုံးစိတ်ဝမ်း အေးချမ်းစေဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆုတောင်း (ရုပ်/သံ)

ပြည်သူတွေအနေနဲ့ နှလုံးစိတ်ဝမ်းအေးချမ်းစေဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ကြိုးစားသွားကြဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်း ထောက် ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=EE6xiphmNJM&feature=youtu.be ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၃) နှစ်ပြည့် မွေးနေ့ ပွဲ ကို နှစ်စဉ်ပြုလုပ်နေကျအတိုင်း...

ဧရာဝတီတိုင်းမှာ မုန်တိုင်းဒဏ်ခံ အဆောက်အဦး အများအပြားတည်ဆောက်နေ(ရုပ်/သံ)

မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်နဲ့ င၀န်မြစ်ရိုးတစ်လျှောက် မုန်တိုင်းဒဏ်ခံအဆောက်အဦးတွေ ထပ်မံတည်ဆောက်သွားဖို့ရှိနေပါတယ် ။ဒီသတင်းကို MCN ပုသိမ်သတင်းထောက်ရဲသွေးနီကပေးပို့ ထားပါတယ် ။ https://www.youtube.com/watch?v=CEAivpXTo1E ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူပေါင်းသိန်းနဲ့ချီ သေဆုံးမှုဖြစ် ပွားပြီး နောက်မှာ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက် မုန်တိုင်းဒဏ်ခံ အဆောက်အဦး ၅၅ လုံးတည် ဆောက်...