30 C
Yangon, MM
Monday, April 22, 2019
 ကိုရီးယားတွေ စုစည်းညီညွတ်ကြဖို့ မြောက်ကိုရီးယား ရှားရှားပါးပါး တောင်းဆို
ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ ကိုရီးယားတွေ စုစည်းညီညွတ်ကြဖို့နဲ့ တခြားနိုင်ငံတွေရဲ့ အကူအညီ မပါဘဲ ညီညွတ်မှု ဖော်ဆောင်ကြဖို့ မြောက်ကိုရီးယားက ရှားရှားပါးပါး ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားကြားမှာ ကိုရီးယားတွေဟာ အဆက်အသွယ်တွေ တိုးမြှင့်တာ၊ အပြန်အလှန် ခရီးသွားတာ၊ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်သင့်ကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေး...
ပတ်ဝန်းကျင် ညစ်ညမ်းမှု အမြင့်ဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဒုတိယနေရာရှိ
ပတ်ဝန်းကျင် ညစ်ညမ်းမှု အမြင့်ဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက Pollution Index ၉၂ ဒသမ ၂၅ နဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု အမြင့်ဆုံး အဆင့် ၁ နိုင်ငံကတော့ မွန်ဂိုလီးယား ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု...
ကာကွယ်ရေးစွမ်းပကား အားနည်းရင် နိုင်ငံကြီးတွေရဲ့ ထိပါးစော်ကားတာ ခံရမယ်လို့ ကာ/ချုပ်ဆို
ကာကွယ်ရေးစွမ်းပကား အားနည်းရင် နိုင်ငံကြီးတွေရဲ့ ထိပါးစော်ကားမှုနဲ့ ခြိမ်းခြောက်တာတွေကို ခံရမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့က ပုသိမ်တပ်နယ်မှာ ပြုလုပ်တဲ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း (ဆင်ဖြူရှင်) ဒုတိယနေ့မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ...
ထရမ့် အစိုးရဟာ ကမ္ဘာအတွက် အန္တရာယ်လို့ ဂျော့ဂ်ျ ဆိုရော့စ် ပြော
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အစိုးရဟာ ကမ္ဘာအတွက် အန္တရာယ်ဖြစ်တယ်လို့ ဘီလျံနာ သူဌေးကြီး ဂျော့ဂ်ျ ဆိုရော့စ်က ပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ညီလာခံမှာ မစ္စတာ ဂျော့ဂ်ျ ဆိုရော့စ်က သမ္မတ ထရမ့် အစိုးရသက်တမ်းဟာ နည်းနည်းပဲ...
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲ မီးစာပါ ဓာတ်ဆီပုလင်း  ပစ်ပေါက်ခဲ့သူရဲ့ မှတ်တမ်း ထုတ်ပြန်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို မီးစာတပ်ထားတဲ့ ဓာတ်ဆီပုလင်းကို မီးရှို့ပြီး ခြံဝင်းထဲကို ပစ်ပေါက်ခဲ့သူကို အရေးယူနိုင်ဖို့ မှတ်တမ်း ဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေကို အတိုင်ပင်ခံရုံးက ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ Facebook လူမှုကွန်ရက်ကတဆင့် မှတ်တမ်း ဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေကို...
တပ်မတော် ဒီမိုကရေစီ အလေ့အကျင့်တွေ ရရှိအောင် ပြောင်းလဲဆောင်ရွက် ပေးခဲ့ဟုဆို
တပ်မတော်အနေနဲ့ ဒီမိုကရေစီ အလေ့အကျင့်တွေ ရရှိအောင် ပြောင်းလဲဆောင်ရွက်ပေးခဲ့ပြီး ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီလ ၂၉ ရက်နေ့က ကျိုင်းတုံတပ်နယ်ရှိနယ်မြေခံ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းက နည်းပြအရာရှိ၊ စစ်သည်တွေနဲ့ သင်တန်းသားတွေကို တွေ့ဆုံအမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားလိုက်တာပါ။ ဒါ့အပြင် ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီဖို့ တပ်မတော်ကို အဆင့်မြှင့်တင်မှုတွေ...
ပြန်လည်လက်ခံရေး မြန်မာဘက်က အသင့်ဖြစ်ပေမယ့် ပြန်လာမယ့်သူတွေ မရှိ
ဘင်္ဂလားဒေ့ရှ်ဘက် ရောက်ရှိနေသူတွေကို မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေး ဇန်န၀ါရီလ (၂၃) ရက်နေ့က အဆင်သင့်ဖြစ်ပေမယ့် ပြန်လာမယ့်သူတွေ မရှိတဲ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့ရမယ့် လူစာရင်းလည်း ရောက်မလားဘူးလို့ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို နိုင်ငံပိုင်သတင်းစာတွေက တွေ့ဆုံမေးမြန်းစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။ အဲ့ဒီလို...
မြောက်ဦးဟောပြောမှု ဥပဒေနဲ့ မညီတာကြောင့် အရေးယူတာလို့ ရခိုင်ဝန်ကြီးချုပ်ပြော(ရုပ်/သံ)
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ရဲ့ ပြောကြားချက်တွေဟာ ဥပဒေနဲ့ မညီတဲ့အတွက် အရေးယူ ဆောင်ရွက်ရတာဖြစ်တယ်လို့ ဝန်ကြီးချုပ်ဦးညီပုက ပြောကြားခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်း ထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။
ကောင်းမှုတော် စေတီတော်ကြီး ထုံသင်္ကန်း ပြန်ကပ်ရေး ဆွေးနွေး
အရင် အစိုးရလက်ထက်မှာ ရွှေရောင် သုတ်ခဲ့တဲ့ ကောင်းမှုတော် စေတီတော်ကြီးကို မူလအတိုင်း ထုံသင်္ကန်း ပြန်ကပ်ရေးအတွက် ညှိနှိုင်းစည်းဝေးပွဲကို စစ်ကိုင်းမြို့မှာ ဇန်နဝါရီ ၁၁ ရက်နေ့က ပိုးတန်းရက်ကွက်၊ မြို့လယ် ဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။ ရွှေဆေးကနေ ထုံးသင်္ကန်း ပြန်ကပ်လှူရေးမှာ နိုင်ငံရေးမပါကြောင်း၊ အများပြည်သူ ဆန္ဒအရသာ ဖြစ်ကြောင်း...
ရခိုင်အစိုးရအဖွဲ့ ငွေကြေးအလွဲသုံးစားမှုတွေ ရှိနေတဲ့ဆိုတဲ့ ဝေဖန်မှုတွေကို အစိုးရရှင်း (ရုပ်/သံ)
ဒေလီကြေညာချက် အာဆီယံ-အိန္ဒိယ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေမယ်
ဒေလီကြေညာချက်ဟာ အာဆီယံ-အိန္ဒိယ ဆက်ဆံရေးအတွက် မဟာဗျူဟာကျတဲ့ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီလ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာကျင်းပတဲ့ အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး (၂၅) နှစ်မြောက် အထိမ်းအမှတ် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။ ဒီလိုပြောကြားရာမှာတော့...
 ဂျာမနီက တူရကီကို တင့်ကားတွေ ထောက်ပံပေးမယ့် အစီအစဉ် ရပ်တန့်
ဂျာမနီနိုင်ငံအနေနဲ့ တူရကီနိုင်ငံကို တင့်ကားတွေ ထောက်ပံ့လွှဲပြောင်းပေးမယ့် အစီစဉ် ရပ်တန်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ဆစ်ဂ်မာ ဂါဘရီရယ်လ်က ပြောပါတယ်။ တူရကီနိုင်ငံဟာ ဆီးရီယားနိုင်ငံမှာ အခြေစိုက်ချနေတဲ့ ကာဒ့် သူပုန်တွေကို ဆီးရီးယားနိုင်ငံထဲ ဝင်တိုက်ခိုက်နေတာကြောင့် တင့်ကားတွေ ပေးမယ့်အစီစဉ် ရပ်ထားဖို့ ဆုံးဖြတ်လိုက်တာလို့ ဂျာမန်...
ဒေါ်အောင်ဆန်းစုကြည်နဲ့ မပြေလည် ဖြစ်ခဲ့တယ်လို့ ရစ်ချတ်ဆန် ပြော
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ် အဖမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကိစ္စ ပြောဆိုခဲ့ရာက မပြေမလည် ဖြစ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ကနေ နုတ်ထွက်သွားတဲ့ မစ္စတာ ဘီလ်...
 နယူးယောက်ပြည်နယ်က အကျဉ်းသား ၅ သောင်းကျော်ကို တက်ဘလက်တွေ ပေးမယ်
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အကျဉ်းထောင်က အကျဉ်းသား ၅၀၀၀၀ ကျော် ဟာ အစိုးရဆီကနေ တက်ဘလက် အခမဲ့ရရှိမှာဖြစ်ပါတယ်။  အကျဉ်းသားတွေ ဟာ တက်ဘလက်တွေကိုအသုံးပြုပြီး စာဖတ်တာ၊ သီချင်းနားထောင်တာအပြင် မိသားစုတွေဆီ အီးမေလ်းပေးပို့နိုင်မယ့်အ ခွင့်ရေးတွေရရှိမှာဖြစ်ပါတယ်။ နယူးယောက် ပြည်နယ် အစိုးရအဖွဲ့ ဟာ အ ကျဉ်းသားတွေကိုတက်ဘလက်...
မွတ်စလင် ဒုက္ခသည်တွေကို ထောက်ခံမှုပြဖို့ ဘင်္ဂလားဒေ့ရှ် ဂေါက်ရိုက်သမား ပြိုင်ပွဲက နုတ်ထွက်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် မွတ်စလင်တွေကို ထောက်ခံမှု ပြသတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဂေါက်ရိုက်သမား ဆစ်ဒီကူးရ် ရာမန်က Leopalace21 Myanmar Open ဂေါက်ရိုက်ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပါတယ်။ မနေ့က ဇန်နဝါရီ ၂၄ ရက်နေ့မှာ နုတ်ထွက်လိုက်တဲ့ ဆစ်ဒီကူးရ်က စိတ်မသက်မသာ ဖြစ်တယ်လို့ ပြောပြီး ရန်ကုန်မှာ ကျင်းပမယ့်...