28 C
Yangon, MM
Thursday, January 17, 2019

ဂျပန်ဘဏ် ဘဏ်ခွဲတစ်ခု ငွေသားသုံးတာ ရပ်တန့်မယ်

လုပ်ငန်းလုပ်ဆောင်မှု စွမ်းရည် တိုးတက်ထိရောက်စေဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် အာအိုဇိုရာဘဏ်က ဘဏ်ခွဲတစ်ခုမှာ ငွေသားသုံးတဲ့ ဝန်ဆောင်မှုကို ရပ်တန့်မှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီလကစပြီး စယ်တာဂါယာဘဏ်ခွဲမှာ ငွေသားသုံး ဝန်ဆောင်မှုမျိုး မလုပ်ဖို့ အာအိုဇိုရာဘဏ်က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီဘဏ်ခွဲမှာ ငွေသားကိုင်တွယ်မှုဟာ အရင်ကတည်းက အင်မတန် နည်းပါတယ်။...

ကိုယ့်မိသားစုကို ပြန်သတ်တဲ့ တရားခံ ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းမိ

ထိုင်းနိုင်ငံ၊ ဥတ္တရာဒစ် ပြည်နယ် မြောက်ပိုင်းမှာ တီရာပွန် ပီနာမွန် (၃၇ နှစ်) ဆိုသူက သူ့ရဲ့ ဇနီး၊ ယောက္ခမတွေနဲ့ ဇနီးဘက်က အမျိုး နှစ်ယာက်ကို သတ်ဖြတ်မှု ဇန်နဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ တီရာပွန်ကို ထိုင်း - မြန်မာနယ်စပ်...

တရုတ်နဲ့ ကနေဒါ တင်းမာမှုမြင့်တက်၊ တရုတ်ဆီသွားတာ သတိထားဖို့ ကနေဒါ သတိပေး

ကနေဒါနိုင်ငံသားတစ်ဦးကို တရုတ်နိုင်ငံက သေဒဏ်ချမှတ်လိုက်ပြီးနောက် ကနေဒါနိုင်ငံက သူ့ရဲ့ နိုင်ငံသားတွေကို တရုတ်နိုင်ငံဆီ ခရီးသွားရောက်တာတွေ သတိထားဖို့ တိုက်တွန်းလိုက်ပါတယ်။ ကနေဒါနိုင်ငံသားတွေ အနေနဲ့ ဘေးကင်းစေဖို့ သတိရှိရမှာဖြစ်ပြီး လုံခြုံရေးအခြေနေက အရာရာတိုင်း အပြောင်းအလဲတွေ ဖြစ်လာနိုင်ကြောင်း ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရုတ်တရားတစ်ရုံးက ကနေဒါနိုင်ငံနိုင်ငံသား ရောဘတ် လွိုက်...

ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ရာထူးတာဝန်က ထုတ်ပယ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၆ အရ ရာထူးကနေ ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပယ်လိုက်ပါတယ်။ နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၆ အရ နိုင်ငံတော်သမ္မတက ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးတွေကို ခန့်အပ်နိုင်သလို၊ ပြောင်းရွှေ့ခြင်း၊...

ဟွာဝေးဟာ သူလျှိုလုပ်တဲ့ကုမ္ပဏီ မဟုတ်ကြောင်း ကုမ္ပဏီတည်ထောင်သူ ပြော

ဟွာဝေး ဆက်သွယ်ရေး ကုမ္ပဏီ တည်ထောင်သူ ရင် ဇင်ဖေးက ဟွာဝေး ကုမ္ပဏီဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက မှန်ကန်မှု မရှိကြောင်း၊ ကနေဒါအစိုးရက ဖမ်းဆီးပြီး အာမခံပေးထားတဲ့ သမီးဖြစ်သူကို သတိရကြောင်း ပြောပါတယ်။   အမေရိကန် အပါအဝင် အနောက်အုပ်စုတွေက ဟွာဝေး ကုမ္ပဏီဟာ...

တရုတ်က လိုအပ်နေတဲ့ မွေးမြူရေး ငါးတန် ထုတ်လုပ်ဖို့ မြန်မာနိုင်ငံက အသင့်လျော်ဆုံးဖြစ်

တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့အစားအစာ တစ်မျိုးဖြစ်တဲ့ အသီးအရွက်နဲ့အတူ ပြုတ်စားလေ့ရှိကြတဲ့ မွေးမြူရေး ငါးတန် တင်သွင်းမှုဟာ လုံလောက်မှု မရှိဘဲ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ ဒီလုံလောက်မှု မရှိတာကို ဖြည့်ဆည်းနိုင်မယ့် အကောင်းအဆုံး အနေအထား ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာ တရုတ်ဟာ မွေးမြူရေး ငါးတန်...

မြန်မာအလုပ်သမားတွေကို လျော်ကြေးပေးဖို့ ထိုင်းအမြင့်ဆုံး တရားရုံးက အမိန့်ချ

ကြက်သားထုတ် စက်ရုံမှာ လုပ်အားခေါင်းပုံဖြတ်ခံရတဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို လျော်ကြေးပေးဖို့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက မနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်လို့ ဥပဒေအရ ထူးခြားတဲ့တရားစီရင်မှု ဖြစ်ပါတယ်။ ကြက်သားထုတ် စက်ရုံမှာ အချိန်ပို စေခိုင်းမှု၊...

Reuters သတင်းထောက်တွေ အယူခံ ပယ်ချတာ အမှန်တရားကို ဖုံးကွယ်တာလို့ AI ပြော

ရဲရင့်ပြီး အပြစ်မရှိတဲ့ Reuters သတင်းထောက် နှစ်ဦးကို ထောင်ချတာဟာ မြန်မာ အာဏာပိုင်တွေက ရခိုင်ပြည်နယ်မှာ ကျူးလွန်တဲ့ နှိပ်ကွပ်မှု အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ ပဋိပက္ခ တုံ့ပြန်ရေး ဒါရိုက်တာ တီရာနာ ဟက်ဆန်က...

အင်ဂျင်နီယာလက်မှတ် အဓိပါယ်ဖွင့်ဆိုချက်ထဲ ထည့်သွင်းပေးဖို့ တောင်းဆို

မှတ်ပုံတင် အင်ဂျင်နီယာလက်မှတ် အဓိပါယ်ဖွင့်ဆိုချက်ထဲမှာ အစိုးရစက်မှုလက်မှုသိပံ္ပကျောင်းဆင်းတွေကို ထည့်သွင်းပေးဖို့ ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်းက တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းထဲမှာ မှတ်ပုံတင် အင်ဂျင်နီယာလက်မှတ် အဓိပါယ် ဖွင့်ဆိုချက်ထဲမှာ အစိုးရ စက်မှုလက်မှုသိပံ G.T.I ကျောင်းဆင်းတွေ...

တုံ့ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အတွက် အသုံးပြုလာ လိမ့်မယ့်လို့ သုံးသပ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ လက်ရှိမှာ တုံ့ဆိုင်းနေပြီး လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံရေး အင်အားစုတွေဟာ ငြိမ်းချမ်းရေးကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် အသုံးပြုလာ လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP MYANMAR)ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်က သုံးသပ်ပြောကြား...

ချင်းမိုင်မှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေး

ရပ်တန့်နေတဲ့ တရားဝင်ဆွေးနွေးမှုတွေ ပြန်စရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည် ဖော်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်တဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံ...

သမ္မတဟာ စစ်ဝါဒီသဘောမျိုး သက်ရောက်နေတယ်လို့ ဒေါက်တာအေးမောင် ပြောကြား

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ပြောကြားချက်ကြောင့် သမ္မတဟာ စစ်ဝါဒီသဘောမျိုး သက်ရောက်နေတယ်လို့ ဒေါက်တာအေးမောင်က ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ ဇန်န၀ါရီလ ၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ကို...

MCN နေ့စဉ် နိုင်ငံတကာ သတင်းအစီစဉ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်၊ အင်္ဂါနေ့

မင်္ဂလာပါရှင်။ MCN သတင်းဌာနရဲ့ နိုင်ငံတကာသတင်း အစီစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်၊ အင်္ဂါနေ့ အတွက် ကမ္ဘာ့ထိပ်တန်းရောက် နိုင်ငံတကာ သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ● ကုန်သွယ် အထူးအခွင့်အရေး ရုပ်သိမ်းခံရရင် အတိုက်ခံတွေကို ဟွန်ဆန်...

လိဂ် ဂိုး ၄၀၀ ပြည့် သွင်းယူနိုင်ခဲ့တဲ့ မက်ဆီ

ဘာစီလိုနာ အသင်းတိုက်စစ်မှူး မက်ဆီဟာ အီဘာနဲ့ ကစားတဲ့ လာလီဂါပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လာလီဂါ သွင်းဂိုး ၄၀၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ လာလီဂါပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားတဲ့ မက်ဆီဟာ အီဘာနဲ့ပွဲမှာ ဘာစီလိုနာအတွက် ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအတွက် လိဂ်ပွဲပေါင်း ၄၃၅...

ာ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးတွေကို ဒုတိယအကြိမ် အခမဲ့ ခွဲစိတ်ကုသ

မြိတ်မြို့မှာ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို ဒုတိယအကြိမ် အခမဲ့ ခွဲစိတ်ကုသ ပေးနေပါတယ်။ ဒီသတင်းကို MCN မြိတ် သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး သက်နောင်စိုးက တင်ဆက်ပေးထားပါတယ်။ မြိတ်မြို့ ဒက္ခိဏဒီပါဆေးရုံကြီးမှာ ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ...