30 C
Yangon, MM
Monday, April 22, 2019

ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာ လက်ထပ်ပွဲတွေ မလုပ်ဖို့ တရုတ် တားမြစ်

ချမ်းသာကြွယ်ဝမှုကို ဖော်ပြနိုင်ဖို့ ခမ်းနားကြီးကျယ်ပြီး အကုန်အကျ များလွန်းတဲ့ မင်္ဂလာ လက်ထပ်ပွဲတွေ မကျင်းပဖို့ တရုတ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။ လက်ထပ်ပွဲတွေဟာ ဆိုရှယ်လစ် တန်ဖိုးနဲ့ တရုတ် အစဉ်အလာ ယဉ်ကျေးမှုကို ဗဟိုပြု ပေါင်းစပ်ရမှာဖြစ်ကြောင်း၊ အကျယ်ချဲ့တာတွေကို ရှောင်ရမှာဖြစ်ကြောင်း တရုတ် အရပ်ဖက်ရေးရာ ဝန်ကြီးဌာနက ပြောပါတယ်။ မင်္ဂလာ...

ရှမ်းပြည်နယ်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထောက်ခံသူတွေဟာ ငါးအိုးကျေးရွာ အားကစားကွင်းကနေ စတင်ပြီး ကျေးရွာအတွင်း လှည့်လည်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို...

အချက်အလက် ကောက်ယူလို့ အိန္ဒိယရောက် ဘင်္ဂါလီတွေ ထွက်ပြေး

ပြည်နှင်ဒဏ်ပေးဖို့ အတွက် ကိုယ်ရေးအချက်အလက်တွေ ကောက်ယူနေတာကြောင့် အိန္ဒိယနိုင်ငံကို တရားမဝင် ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေ ထွက်ပြေး ပုန်းအောင်းနေကြပါတယ်။ ပြီးခဲ့တဲ့လက ဘင်္ဂါလီ ၇ ဦးကို ပြည်နှင်ဒဏ်ပေးပြီး မြန်မာအစိုးရဆီ လွှဲပြောင်းပေးအပ်ပြီးနောက် အိန္ဒိယ တာဝန်ရှိသူတွေက တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ ဘင်္ဂါလီတွေရဲ့ ဇီဝနည်းပညာဆိုင်ရာ အချက်အလက်တွေအပါအဝင် အချက်အလက်တွေ...

နေအိမ်အသစ်ကို မပြောင်းနိုင်သေးတဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန်မင်းသမီး  မီဂန်

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး မီဂန်တို့ စုံတွဲဟာ ဝင်ဆာရဲတိုက်ကြီးဆီ ပြောင်းရွှေ့နေထိုင်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားရပါတယ်။ တော်ဝင်မင်းသား ဟယ်ရီနဲ့ မီဂန်တို့ရဲ့ အိမ်အသစ်ဖြစ်တဲ့ ရဲတိုက်ကြီးကို ပြန်လည်ပြင်ဆင်တာတွေ အချိန်မီ မပြီးသေးတာကြောင့် ပြောင်းရွှေ့မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။ မင်းသား ဟယ်ရီနဲ့ မီဂန်တို့ဟာ...

ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး စစ်တွေမြို့ကို လာရောက်လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မစ္စတာ မန်ဂျူရီ ကာရင် ခန်း ချောင်ဒူရီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိပြီး ဓမ္မသုခ ကျောင်းတိုက်ဆရာတော်၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ သီးခြားတွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဉ် နယ်စပ်ဒေသတွေမှာ...

မလေးရှား ဝန်ကြီးချုပ်ဟောင်းကို စွဲချက် ၂၅ ခုတင်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို အကျင့်ပျက်လာဘ်စားမှု၊ အာဏာအလွဲသုံးစားမှုတွေအပါဝင် စွဲချက်တင် ၂၅ ခုတင်လိုက်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်ဟောင်းဟာ နိုင်ငံဖွံဖြိုးရေးရန်ပုံငွေထဲမှ ပိုက်ဆံ အမေရိကန်ဒေါ်လာ ၅၅၆ သန်းကို သူရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲကို လွှဲပြောင်းစေခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။ နာဂျစ်ဟာ အာဏာအလွဲသုံးစားမှုနဲ့ ဆက်စပ်တဲ့ စွဲချက် ၄...

ရုရှား အော်သိုဒေါက် ဘုရားကျောင်းတွေကို ယူကရိန်းရဲ စီးနင်းရှာဖွေ

ရုရှားနဲ့ ယူကရိန်တို့ တင်းမာမှုတွေ ဖြစ်နေစဉ်မှာ ယူကရိန်းနိုင်ငံ၊ မြို့တွေမှာရှိတဲ့ ရုရှား အော်သိုဒေါက် ဓမ္မဆရာတွေ နေထိုင်တဲ့ ဘုရားကျောင်းတွေကို ယူကရိန်းရဲတွေက စီးနင်းရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။ ကီယေ့ဗ်နဲ့ ဇီတိုမိုင်ဒေသရှိ ဘုရားကျောင်းတွေကို မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရှာဖွေခဲ့တာဖြစ်ပြီး အမုန်းတရားနဲ့ ပဋိပက္ခတွေ မဖြန့်ဝေအောင်...

ခမာနီ ခေါင်းဆောင် နှစ်ဦး လူမျိုးတုံးသတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

ကမ္ဘောဒီးယား ခမာနီအစိုးရအဖွဲ့ ခေါင်းဆောင်တွေထဲက ခေါင်းဆောင်ဟောင်း နှစ်ဦးဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာ ရာဇဝတ်တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ် ထပ်မံချမှတ်ခဲ့ပါတယ်။ ပို့ပေါ့ ဦးဆောင်တဲ့ ခမာနီအစိုးရ အဖွဲ့ခေါင်းဆောင်တွေထဲက သက်ရှိ ကျန်ရှိနေသူ အသက် ၉၂ နှစ်အရွယ်ရှိ နုအွန်ချီအာနဲ့ အသက်...

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံ

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူဟာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် မက်ဒ် ရှဖီးနူ အစ္စလာမ်နဲ့ အဖွဲ့ကို ဧပြီလ ၈ ရက်နေ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှု...

မြောက်ကိုရီးယားနဲ့ တွေဆုံဖို့ အဆင်သင့်ရှိတယ်လို့ အမေရိကန် ပြော

အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ထပ်မံတွေဆုံဖို့ အဆင်သင့်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်က ဒုံးကျည်ဆိုင်ရာ အဆောက်အဦး ဖျက်သိမ်းဖို့နဲ့ နျူကလီယား အဆောက်အဦးတွေ ဖျက်သိမ်းဖို့ လိုလားနေတယ်လို့ ပြောခဲ့ပြီးနောက် အမေရိကန်ဘက်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ လာမယ့် သီတင်းပတ်မှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကို...

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ဒုတိယအကြိမ် ထိပ်သီးအစည်းဝေးလုပ်ဖို့ သဘောတူ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုတို့ တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကြား ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံ ဆွေးနွေးပွဲလုပ်ဖို့ သဘောတူညီခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ပြောပါတယ်။   ဝန်ကြီး ပွန်ပီယိုက နျူကလီးယား ဖျက်သိမ်းရေး နောက်ထပ် လုပ်ဆောင်နိုင်ဖို့ မြောက်ကိုရီးယားနိုင်ငံဆီကို ၄ ကြိမ်မြောက်...

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်း ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံရ

သင်္ကြန်ကာလက ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ သံချပ်ထိုးရာမှာ ပါဝင်ခဲ့တဲ့ မကေခိုင်ထွန်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ မရမ်းကုန်းရဲစခန်းမှာ အမှုဖွင့်ထားပြီး ဆေးရုံမှာ တာဝန်ထမ်းဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရပါတယ်။ မကေခိုင်ထွန်းဟာ ဒီကနေ့ ဧပြီလ...

ဆော်ဒီ ဂျာနယ်လစ် ပျောက်ဆုံးမှု ပွင့်လင်းမြင်သာမှုရှိရေး ဆော်ဒီအစိုးရ ကတိပေး

ဆော်ဒီ ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီ ပျောက်ဆုံးနေမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေမှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်လို့ ဆော်ဒီအစိုးရက ကတိပေးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက ပြောပါတယ်။ တကယ်လို့ ခါရှော့ဂီ အမှုမှာ ဆော်ဒီ တော်ဝင်မိသားစုဝင်တွေ ပါဝင်ပတ်သက်နေရင် ဘယ်လိုလုပ်မလဲလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ်...

အာရှ-ပစိဖိတ် ဒေသရဲ့ စီးပွားရေး တိုးတက်မှုန်းနှုန်း ကျဆင်းမယ်

အာရှ-ပစိဖိတ် ဒေသတွင်းမှာ ၂၀၁၉ ခုနှစ်ကျရင် စီးပွားရေး တိုးတက်မှုနှုန်းဟာ ပိုပြီး ကျဆင်းလာလိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အရာရှိတွေက ခန့်မှန်းထားပါတယ်။ နိုင်ငံနဲ့ နယ်မြေပေါင်း ၄၅ ခု ပါဝင်တဲ့ ဖွိ့ဖြိုးဆဲအာရှနိုင်ငံတွေဟာ အခုနှစ်မှာ ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးလာနိုင်ခြေရှိတယ်လို့ ADB...

တောင်ကိုရီးယား တရားသူကြီးချုပ် ဖမ်းဆီးခံရ

တောင်ကိုရီးယားတရားရုံးချုပ်ရဲ့ တရားသူကြီးချုပ်ဟောင်း ယန်စောင်တေး (Yang Sung-tae) အဖမ်းခံခဲ့ရပါတယ်။ စစ်အတွင်းက အလုပ်ခိုင်းစေမှုအရေးနဲ့ ပတ်သက်တဲ့ စီရင်ချက်တစ်ခုကို ဥပဒေနဲ့မညီဘဲ အချိန်ဆွဲခဲ့တာ အပါအဝင် သူဟာ သူ့ရဲ့အခွင့်အာဏာကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ လက်ရှိ တရားသူကြီးချုပ်က လူထုရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီမှု မရှိခဲ့တာအတွက် ပြန်တောင်းပန်နေပါတယ်။ တရားသူကြီးချုပ် ကင်မြောင်စု...