23 C
Yangon, MM
Sunday, February 24, 2019

ထိုင်းရှိ မြန်မာ ဒုက္ခသည် ၆၀၀ နီးပါး နေရပ်ပြန်မယ်

ထိုင်းနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ မိမိဆန္ဒအလျောက် နေရပ်ပြန်ရေး အစီအစဉ်အရ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းတွေကနေ မြန်မာ ဒုက္ခသည် ၅၉၅ ဦး ဒီတစ်ပတ်အတွင်း နေရပ်ပြန်ကြမှာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ငါးခုက ဒုက္ခသည်တွေ နယ်စပ်ဖြတ်ပြီး ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်ကို ပြန်ကြတာ ဖြစ်ပါတယ်။...

ခြောက်နှစ်အရွယ် သားကို လည်လှီးသတ်တဲ့ ဖခင် ထိုင်းမှာ အဖမ်းခံရ

အသက် ခြောက်နှစ်အရွယ်ရှိ သားဖြစ်သူရဲ့ လည်ပင်းကို ဓားနဲ့ လှီးဖြတ်ခဲ့သူ မြန်မာဖခင်ကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ မဲဆောက်မှာ နေထိုင်တဲ့ ဖခင် မောင်ပု (၅၂ နှစ်) ဟာ အိမ်ထောင်နဲ့ ကွဲနေသူ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖရာသတ်...

ကုလမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဝန်ကြီး ဦးကျော်တင် မိန့်ခွန်း ပြောမယ်

နောက်ဆုံးရရှိတဲ့ အစည်းအဝေး အစီအစဉ်အရ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တော့မှာ မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မတိုင်ခင်က...

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ နိုင်ငံသံအမတ်ကြီး တွေ့ဆုံ

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး မစ္စ အန်ဒရီယာ ဖော်ကနာကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ မြန်မာ - သြစတြေးလျ နှစ်နိုင်ငံဟာ လွတ်လပ်ရေး ရရှိပြီးချိန်ကစပြီး နှစ်ပေါင်းများစွာ သံတမန်...

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အစီရင်ခံစာကို ငါးလအတွင်း ပြည်ထောင်စုလွှတ်တော်ကို တင်မယ်

မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဆင်ဖို့အတွက် ပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော်ကို ငါးလအတွင်း အပြီးလုပ်ဆောင်ပြီး တင်သွင်းမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောပါတယ်။ လက်ရှိမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော်အတွင်းက နိုင်ငံရေးပါတီတွေအပြင် တပ်မတော်သား...

ကမန်လူမျိုးအဖြစ် မှတ်ပုံတင်ထားသူတွေရဲ့ မျိုးရိုးစဉ်ဆက်ဇယား တောင်းခံမှုကို ထပ်မံဆွေးနွေး

ကျောက်နီမော်က ကမန်လူမျိုးတွေအဖြစ် မှတ်ပုံတင်ရရှိထားသူ ၃၃၀၀ ကျော်ရဲ့ မျိုးရိုးစဉ်ဆက် ဇယာားတွေကို တောင်းခံထားတဲ့ အဆိုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှာ ထပ်မံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။ ကျောက်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသားတွေအဖြစ် မှတ်ပုံတင်ထုတ်ပေးထားတဲ့ ဘင်္ဂါလီတွေရဲ့ အချက်အလက်တွေကို...

မြိတ်က ကုမ္ပဏီတစ်ခုက လုပ်အားခ မပေးချေတာကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်

မြိတ်မြို့မှာရှိတဲ့ ကုမ္ပဏီတစ်ခုက လုပ်အားခနဲ့ စိုက်ထုတ်ငွေ ပေးချေတာမရှိတာကြောင့် နစ်နာသူတွေက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN မြိတ်သတင်းထောက် ဇော်ဇော်က ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ တောင်ရှည်ကျေးရွာအုပ်စု တောင်ရှည်-တောင်ညို ကျေးရွာချင်းဆက် ကျောက်ခင်းလမ်း (၂) မိုင်နဲ့...

အလုပ်အကိုင် အခွင့်အလမ်း ၃၅၀၀ ကျော် ဖန်တီးပေးနိုင်မယ့် လုပ်ငန်း ၇ ခုကို MIC ခွင့်ပြု

ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၅၇၂ ခုကျော် ဖန်တီးပေးနိုင်မယ့် လုပ်ငန်း ၇ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုခဲ့ပါတယ်။ ဘယ်ဂျီယံနိုင်ငံက မျိုးရင်းကြက် မွေးမြူထုတ်လုပ်ရေးလုပ်ငန်း၊ တရုတ်နိုင်ငံက Contract Farming စနစ်နဲ့ စပ်မျိုးစပါးတွေ စိုက်ပျိုးခြင်း၊ မျိုးစေ့...

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော် အပြောတွေရပ်ပြီး လက်တွဲလုပ်ကိုင်ဖို့ ပူးပေါင်းကော်မတီပြော

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာမှာ တပ်မတော်က အပြောတွေရပ်ပြီး အတူလက်တွဲ လုပ်ကိုင်ဖို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော် ပရဝုဏ်အတွင်းရှိ ဥပဒေကြမ်းကော်မတီ ရုံးခန်းမှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့တာပါ။ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်...

မတူညီတဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်တဲ့အနေနဲ့ မြန်မာ-ဂျပန် နှစ်နိုင်ငံ ပြိုင်ပွဲ ပြုလုပ်

မတူညီတဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်တဲ့အနေနဲ့ “တန်ဖိုးအသစ်များရှာဖွေခြင်း” ခေါင်းစဉ်နဲ့ မြန်မာ-ဂျပန် နှစ်နိုင်ငံက လူငယ်တွေကို ပြိုင်ပွဲပြုလုပ်ပေးခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=UHvEB465Qps&feature=youtu.be တန်ဖိုးသစ်များရှာဖွေခြင်း ခေါင်းစဉ်နဲ့ နှစ်နိုင်ငံ မတူညီတဲ့ ကဏ္ဍအစုံက ယဉ်ကျေးမှု ၊ ဘ၀နေထိုင်မှု ပုံစံတွေကို အချင်းချင်း ဖလှယ်တဲ့...

ငပလီမှာ ကျင်းပမယ့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မယ်

ရခိုင်ပြည်နယ်၊ ငပလီကမ်ြးေ်ခမှာ ပြုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှုပြပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနဲ့ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းတွေကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ သံတွဲမြို့၊ ငပလီ...

ဂျပန်က လှူဒါန်းတဲ့ ကစ္ဆပနဒီ (၃) ရေယာဉ် မတ်လမှာ ရောက်ရှိမယ်

ဂျပန်နိုင်ငံ၊ The Economic and Social Development Programme FY 2016 အစီအစဉ်အရ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (ရခိုင်ဌာနခွဲ) မှာ အသုံးပြုနိုင်ဖို့ ဂျပန်ပြည်သူတွေက ပေးပို့လှူဒါန်းတဲ့ ကစ္ဆပနဒီ - ၃ ရေယာဉ်ဟာ မတ်လ ၁၀...

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ အရှိန်မြင့်လာနိုင်ကြောင်း AA ထုတ်ပြန်

တပ်မတော်တပ်ရင်းအချို့ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လာကာ AA လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းဖို့ ထိုးစစ်ဆင်နေတဲ့အတွက် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာနိုင်ကြောင်းနဲ့ တိုက်ပွဲအရှိန် မြင့်မားလာနိုင်ကြောင်း AA အဖွဲ့က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာပါ။ တပ်မတော် တပ်မ (၂၂)၊ (၅၅) နဲ့...

လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းပညာရေး စကားဝိုင်း ကျင်းပဖို့ရှိနေ

လူငယ်တွေရဲ့ အလုပ်အကိုင်တွေအတွက် အသက်မွေးဝမ်းကျောင်းပညာရေး စကားဝိုင်းကို ရန်ကုန်မြို့ MICT Park မှာ ပြုလုပ်ဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။ စီးပွားရေးပညာအထောက်ကူပြု၊ ဟိုတယ်နဲ့ ဧည့်ဝတ်ပြုမှုဆိုင်ရာ၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာ၊ လျှပ်စစ်ကျွမ်းကျင်းမှုအတတ်ပညာ စတဲ့ သင်တန်းတက်ရောက်မယ့် လူငယ်တွေအတွက် ရည်ရွယ်ပြီး အသက်...

အစည်းအဝေး တက်ရောက်ခွင့် မပေးလို့ ပြည်ခိုင်ဖြိုးပါတီ မီဒီယာရှင်းလင်းပွဲ ပြုလုပ်မယ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားပြီးမှ တက်ရောက်ခွင့် မပေးခဲ့တာဟာ ပါတီကို စော်ကားတာဖြစ်လို့ အခုကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြုလုပ်တဲ့...