31 C
Yangon, MM
Wednesday, May 22, 2019

Uber က မောင်းသူမဲ့ အငှားယာဉ်တွေ စတင် စမ်းသပ်အသုံးပြုတော့မယ်

အွန်လိုင်းကနေ မော်တော်ယာဉ်ငှားစီးတဲ့ဝန်ဆောင်မှု လုပ်ကိုင်နေတဲ့ Uber ကုမ္ပဏီဟာ ဖောက်သည်တွေအတွက် အလိုအလျောက်မောင်းနှင်နိုင်တဲ့ အငှားယာဉ် အခုလကုန်ပိုင်းလောက်ကစပြီး မိတ်ဆက်အသုံးပြုတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ Bloomberg Businessweek မှာ ဖော်ပြထားချက်အရတော့ ဒီဝန်ဆောင်မှုကို အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်က ပစ်ဘတ်ဂ်မြို့မှာ စတင်လုပ်ကိုင်မယ်လို့ Uber ရဲ့ အမှုဆောင်အကြီးအကဲ ထရာဗစ်ကာလာနစ်ခ်က ပြောကြားပါတယ်။ မောင်းသူမဲ့ကားတွေကို...

“ခပ်တုံးတုံး”ဝေဖန်ချက်တွေနဲ့ ကြားဝင်မစွက်ဖက်ဖို့ ကုလသမဂ္ဂကို ဒူတာတေက ပြောကြား

ဖိလစ်ပိုင်သမ္မတ ဒူတာတေဟာ လူ ၁၀၀၀ သေဆုံးခဲ့ပြီးပြီဖြစ်တဲ့ သူ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်အပေါ် ကုလသမဂ္ဂကရဲ့ ခပ်တုံးတုံးဝေဖန်ချက်တွေကို လက်မခံဘူလို့ သြဂုတ် ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ ကြားဝင်မစွက်ဖက်ပါနဲ့လို့လည်း ဒူတာတေက သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလမှာ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ဒူတာတေဟာ ရာဇဝတ်သား ၁...

ဂင်းနစ်မှတ်တမ်းဝင်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယရဲ့ “အသက်အရှည်ဆုံး” ဘုန်းကြီး

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ အသက် ၁၂၀ အရွယ် ဟိန္ဒူဘုန်းကြီးတစ်ပါးဟာ သူဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုထားပြီး ဂင်းနစ်မှတ်တမ်းလျှောက်ဖို့လည်း ကြိုးပမ်းနေပါတယ်။ ဆွာမိဆီဗာနန်ဒါလို့အမည်ရတဲ့ ဒီဟိန္ဒူဘုန်းကြီးဟာ ၁၈၉၆ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး နေ့စဉ် နာရီနဲ့ချီပြီး ယောဂကျင့်သလို လိင်နဲ့ပူစပ်တဲ့ အရာတွေကိုလည်း ရှောင်တယ်လို့...

၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်အတွင်း ဆီးရီးယား အကျဉ်းထောင်တွေထဲမှာ လူ ၁၈၀၀၀ နီးပါး သေဆုံးခဲ့

ဆီးရီးယားနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ၂၀၁၁ က ၂၀၁၅ အထိ ငါးနှစ်တာကာလအတွင်း သေဆုံးသူအရေအတွက် ၁၈၀၀၀ နီးပါးရှိပြီး ရိုက်နှက်တာတွေ မုဒိမ်းကျင့်တာတွေလည်း ရှိခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်တဲ့စာရွက်စာတမ်းတွေထဲမှာ ထောင်တွင်းမှာ ညှင်းပမ်းနှိပ်စက်ခံရပြီး အသက်ရှင်ကျန်ရစ်သူ ၆၅ ဦးနဲ့ အင်တာဗျူးမေးမြန်းချက်လည်း ပါဝင်ပါတယ်။ ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့...

ယူအေအီးက ဖိလစ်ပိုင်ကို ပျံသန်းတဲ့လေယာဉ်ပေါ်မှာ အမျိုးသမီးတစ်ယောက် လမစေ့ဘဲ ကလေးမွေး

ယူအေအီးနိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်တစ်ခုအတွင်းမှာ ခရီးသည်ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ သတ်မှတ်ထားတဲ့မွေးရက်ထက်စောပြီး အသည်းအသန်ဗိုက်နာလာတဲ့အတွက် လေယာဉ်ကို အိန္ဒိယမှာ အရေးပေါ်ဆင်းသက်ဖို့ လုပ်နေတုန်းမှာပဲ လေယာဉ်ပေါ်မှာ မီးဖွားခဲ့ပါတယ်။ ဆရာဝန်တွေက ဒီမိခင်လောင်းကို ကလေးမွေးဖို့ ဂျူးဒိတ်(မွေးရက်)တွက်ထားတာက နောက်ထပ် နှစ်လလောက် လိုပါသေးတယ်။ ဒါပေမဲ့ သြဂုတ် ၁၄ ရက်နေ့က...

ပလူတိုနီယမ် ထုတ်လုပ်မှု ပြန်လည်စတင်တော့မယ်လို့ မြောက်ကိုရီးယား ကြေညာ

သုံးပြီးသားလောင်စာချောင်းတွေကနေ ပလူတိုနီယမ်ထုတ်တဲ့ လုပ်ငန်းကို ပြန်လည်စတင်ပြီး အမေရိကန်ဘက်က “ခြိမ်းခြောက်နေသရွေ့တော့” နျူကလီးယားစမ်းသပ်မှုတွေကို ရပ်နားမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားအစိုးရက ပြောကြားလိုက်တယ်လို့ ကျိုဒိုသတင်းဌာနက သြဂုတ် ၁၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ အဓိက အနုမြူစက်ရုံ ယုံဗြောင်ကို အုပ်ချုပ်ကိုင်တွယ်နေတဲ့ အနုမြူစွမ်းအင်အင်စတီကျူ့(AEI) က နျူကလီးယားလက်နက်နဲ့ လျှပ်စစ်စွမ်းအင်အတွက်...

အင်္ဂလန်မှာ ကမ္ဘာ့အကြီးဆုံး လေသင်္ဘောရဲ့ ပထမဆုံးပျံသန်းမှု စတင်

ကမ္ဘာ့အကြီးဆုံး လေယာဉ်ဖြစ်တဲ့ Airlander 10 လေယာဉ်ဟာ သြဂုတ်လ ၁၈ ရက်နေ့မှာ ပထမဆုံးပျံသန်းမှုခရီးစဉ်ကို စတင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လေးရက်ကတည်းက ပထမဆုံးပျံသန်းမှုကို ဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမဲ့ နည်းပညာပိုင်း အခက်အခဲ နည်းနည်းရှိတာကြောင့် သြဂုတ် ၁၈ ရက်နေ့ကျမှ ပျံနိုင်ခဲ့တာဖြစ်ပါတယ်။ Airlander 10 လေယာဉ်ဟာ...

မြောက်ကိုရီးယားမှာ ပြည်သူတွေ ခွေးသားစားကြဖို့ အစိုးရတိုက်တွန်း

မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံအတွင်းက စားနပ်ရိက္ခာပြတ်တောက်နေတဲ့ ပြည်သူတွေအနေနဲ့ ကြက်သား၊ အမဲသား၊ ဝက်သားနဲ့ ဘဲသားတွေထက် ဗီတာမင်ပိုများများ ပါဝင်တဲ့ ခွေးသားကို စားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လူရွယ်အာဏာရှင်ခေါင်းဆောင် ကင်ဂျုံအန်အုပ်ချုပ်တဲ့ မြောက်ကိုရီးယားဟာ ခွေးသားကို သက်လုံကောင်းစေတဲ့ ရိုးရာအစားအစာတစ်ခုလို့တောင် တန်းတင်ပြောဆိုနေပါတယ်။ မြောက်ကိုရီးယားရဲ့ YouTube ပေါ်က ဝါဒဖြန့်ချိရာ လိုင်းဖြစ်တဲ့...

ကမ္ဘာ့ပေါ်မှာ အလုပ်ဖြစ်မှု အနည်းဆုံး ငွေကြေး

ကမ္ဘာပေါ်မှာ အမေရိကန်ဟာ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ငွေကြေး ဒေါ်လာဟာ ကူဝိတ်နိုင်ငံရဲ့ ငွေကြေး ဒီမာလောက်တော့ မမာနိုင်ပါဘူး။ အမေရိကန် ၁ ဒေါ်လာမှာ ကူဝိတ်ပိုက်ဆံ ၀.၃၀ ဒီနာပဲ ရှိပါတယ်။ ကမ္ဘာ့ပေါ်မှာ ငွေတန်ဖိုးအပျော့ဆုံးက အီရန်ပိုက်ဆံ ရီယယ် ဖြစ်ပြီး တစ်ဒေါ်လာမှာ...

စင်ကာပူမှာ ပိုကီမွန်ဂိုးဂိမ်းကစားပြီး ရန်ဖြစ်တဲ့ လူနှစ်ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးထား

စင်ကာပူနိုင်ငံမှာ ကမ္ဘာတစ်ဝန်း အင်မတန်လူကြိုက်များနေတဲ့ ပိုကီမွန်ဂိုးဂိမ်းအဆော့ကောင်းလို့ ရန်ဖြစ်တဲ့ လူနှစ်ယောက်ကို ဖမ်းဆီးထားတယ်လို့ စင်ကာပူရဲတပ်ဖွဲ့က သြဂုတ် ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီရန်ပွဲဟာ စင်ကာပူရဲ့ နာမည်ကျော် အော်ချတ်ဒ်လမ်းပေါ်က ရှော့ပင်းမောလ်တစ်ရဲ့ ကားပါကင်ဝင်ပေါက်မှာ ဆိုင်ကယ်မောင်းသူတစ်ယောက်နဲ့ လမ်းသွားလမ်းလာတစ်ယောက်တို့ သြဂုတ် ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့...

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ လူနှစ်ဦးကို ပစ်သတ်ခဲ့လို့ ဖမ်းဆီးခံထားရသူက အပြစ်မရှိကြောင်း ငြင်းဆို

အမေရိကန် ပြည်ထောင်စု နယူးစ်ယောက်မြို့မှာ လူနှစ်ဦး ပစ်သတ်ခဲ့မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အသက် ၃၅ နှစ်အရွယ် Oscar Morelဟာအပြစ်မရှိဘူးလို့ သြဂုတ်လ ၁၆ ရက်နေ့က ငြင်းဆိုခဲ့ပါတယ်။ သူ့ကို အသက် ၅၅ နှစ်အရွယ် မွတ်ဆလင်ဘာသာရေးခေါင်းဆောင် Imam Maulana Akonjee...

ဗုံးပေါက်ကွဲမှုတွေဟာ ၂၀၁၃ ခုနှစ်က ဗုံးပေါက်ကွဲမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ထိုင်းရဲတွေ ပြောဆို

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေဟာ ၂၀၁၃ ခုနှစ် မေလက ဘန်ကောက်မြို့ Ramkamhaeng လမ်းအနီးတ၀ိုက်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်မှုရှိတယ်လို့ ထိုင်းရဲတွေက ပြောလိုက်ပါတယ်။ ၂၀၁၃ ခုနှစ်က ဘန်ကောက်မြို့ Bang Kapi ဒေသက အလှပြင်ဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၇...

မိမိတို့ရဲ့ ပိုင်နက်ကို “တစ်လက်မမှ” အဆုံးရှုံးမခံဘူးလို့ အင်ဒိုနီးရှား သမ္မတ သံန္နိဋ္ဌာန်ပြု

တောင်တရုတ်ပင်လယ်ထဲက အင်ဒိုနီးရှားပင်လယ်တွေအနားမှာ တရုတ်သင်္ဘောတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီးနောက်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှားရဲ့ ကုန်းမြေနဲ့ရေပြင် ပိုင်နက်ကို “တစ်လက်မမကျန်” ကာကွယ်သွားမယ်လို့ သြဂုတ် ၁၆ ရက်နေ့မှာ ကတိပြု လိုက်ပါတယ်။ ပင်လယ်ပြင်အတွင်းက ကျွန်းတွေပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီး ဒေသတွင်းအငြင်းပွားမှုတွေ ပိုမိုကျယ်လောင်လာကို ငြိမ်းချမ်းစွာအဖြေရှာ ရေးကိစ္စမှာ အင်ဒိုနီးရှားဟာလည်း “ထက်ထက်သန်သန် ပါဝင်ဆောင်ရွက်”နေတယ်လို့လည်း...

တရုတ်က ကမ္ဘာ့ပထမဆုံး ကွမ်တမ်ဂြိုဟ်တု လွှတ်တင်

ကမ္ဘာ့ပထမဦးဆုံး ကွမ်တမ်ဂြိုဟ်တုကို တရုတ်နိုင်ငံမှာ သြဂုတ်လ ၁၆ ရက်နေ့က လွှတ်တင်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ကွမ်တမ်ဂြိုဟ်တုလွှတ်တင်နိုင်ခြင်းဟာ ဆက်သွယ်မှုတွေကို(အီးမေးလ်၊ ဖုန်းမက်ဆေ့ခ်ျ စသဖြင့်) ဖတ်လို့မရအောင် encrypt စနစ်ကို “ဝင်ဟက်လို့မရနိုင်တဲ့” စနစ်တစ်ခုတည်ဆောက်ဖို့ အက်တမ်တွေရဲ့ အပြန်အလှန်ဆက်သွယ်မှုကို လေ့လာတဲ့ ရူပဗေဒပညာရပ် particle physics...

ဖိလစ်ပိုင် သမ္မတ ဒူတာတေက ရာဇဝတ်တိုက်ဖျက်ရေးအတွက် ဘဏ္ဍာငွေတိုးမြှင့်

ဖိလစ်ပိုင်သမ္မတ ဒူတာတေဟာ သူ့ရဲ့ အငြင်းပွားဖွယ် ရာဇဝတိုက်ဖျက်ရေးလုပ်ငန်းအတွက် လာမယ့်နှစ်မှာသုံးစွဲမယ့် ဘဏ္ဍာငွေကို တိုးမြှင့်ကြောင်း ကြေညာလိုက်ပါတယ်။ လုံခြုံရေးအင်အားစုတွေကိုလည်း အသုံးစရိတ်တွေ တိုးပေးမယ်လို့ ဒူတာတေက ကတိပြုခဲ့ပါ သေးတယ်။ ဒူတာတေဟာ ပြီးခဲ့တဲ့ မေလမှာ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရပြီးကတည်းက မူးယစ်တိုက်ဖျက်ရေးအစီအစဉ်ကို တက်သုတ်ရိုက် စတင်ခဲ့ပြီး ဒီအစီအစဉ်အတွင်း ရဲနဲ့လုံခြုံရေးတွေက...