25 C
Yangon, MM
Sunday, February 24, 2019

IS နဲ့ ပတ်သက်လို့ သံသယရှိတဲ့ အိမ် ၁၆ အိမ်ကို ဂျာမန်ရဲ စီးနင်းရှာဖွေ

ဂျာမနီနိုင်ငံ အနောက်ပိုင်းမှာ IS အစ္စလာမ် အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့ နေအိမ် ၁၆ လုံးကို ဂျာမန်ရဲတွေက စီးနင်း ရှာဖွေခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်နေတဲ့ အစွန်းရောက်တွေလို့ သံသယရှိတဲ့ နေရာတွေမှာ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ အစိုးရရှေ့နေ နတ်ဂျာ နီဆင်က ဒီနေ့...

သိမ်းပိုက်ထားတဲ့ ဒွန်ဘတ်စ်မှာ ရုရှားက သံချပ်ကာကား ၄၉၆ စီး တပ်ချထား

ယူကရိန်း အရှေ့ပိုင်းမှာ တည်ရှိပြီး ရုရှားက သိမ်းပိုက်ထားတဲ့ ဒွန်ဘတ်စ် ဒေသမှာ ရုရှားက သံချပ်ကာကား ၄၉၆ စီး တပ်ချထားပါတယ်။ ဒီအရေအတွက်ဟာ ဂျာမနီ၊ ပြင်သစ်၊ စပိန်နဲ့ အီတလီမှာ ရှိတဲ့ သံချပ်ကာကား အရေအတွက်ထက်တောင် များနေပါတယ်။ ယူကရိန်း ပိုင်နက်ကို သိမ်းပိုက်ထားတာနဲ့ ပတ်သက်ပြီး...

ဘင်္ဂလားဒေ့ရှ်မှာ ဓာတုဗေဒ ကုန်လှောင်ရုံ မီးလောင်၊ လူ ၇၀ သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ ချောဘဇား ဧရိယာမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မီးလောင်မှုကြောင့် အနည်းဆုံး လူ ၇၀ သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရတယ်လို့ မျက်မြင်သက်သေတွေ၊ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် မီးလောင်နိုင်ခြေရှိတယ်လို့ သတိပေးခြင်း ခံရတဲ့ အဆောက်အအုံဖြစ်ကြောင်း...

မလေးရှား ကာရာအိုကေ မီးလောင်မှု ၆ ဦးသေ

မလေးရှားနိုင်ငံရှိ ကာရာအိုကေ စင်တာမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့လို့ နိုင်ငံခြားသား သုံးဦးအပါအဝင် လူခြောက်ဦး သေဆုံးသွားခဲ့ပါတယ်။ ပီရက်ပြည်နယ်၊ အိုင်ပေါ့မြို့ရှိ အထပ် ရှစ်ထပ်ရှိ အဆောက်ဦးရဲ့ လေးထပ်မြောက်မှာ မီးလောင်ခဲ့တာ ဖြစ်တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသွားသူတွေဟာ မီးခိုးငွေ့ကြောင့်...

အမေရိကန် ပစ်မှတ်ထားကာ ရုရှားက ဒုံးကျည်ဖြန့်ကြက်မယ်

တာလတ်ပစ်ဒုံးကျည် နျူကလီးယား စာချုပ်ကနေ ထွက်ပြီးနောက် အမေရိကန်နိုင်ငံက ဥရောပအရှေ့ပိုင်းဆီ ဒုံးကျည်တွေ ရွှေ့လျားခဲ့မယ်ဆိုရင် အမေရိကန်ကို ပစ်မှတ်ထားသွားမှာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။ ရုရှားနိုင်ငံမှာ နှစ်စဉ်ပြောနေကျ နိုင်ငံတော်ကို ပြောကြားတဲ့ မိန့်ခွန်မှာ သမ္မတ ပူတင်က ပြောခဲ့တာပါ။ ရုရှားရဲ့ အိမ်နီးချင်းနိုင်ငံတွေနားတွေမှာ ဖြန့်ကြက်ထားတဲ့...

တရုတ် ထိပ်တန်း ဗိုလ်ချုပ်ကြီးကို လာဘ်စားမှုနဲ့ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချ

တရုတ် ကာကွယ်ရေးဌာန ထိပ်တန်း ဗိုလ်ချုပ်ကြီးဟောင်း ဖန် ဖင်ဟွေကို တရုတ်စစ်ခုံရုံးက လာဘ်စားမှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။ ကမ္ဘာ့အကြီးဆုံး စစ်တပ်တစ်ခုဖြစ်ပြီး ခေတ်မီအောင် လုပ်ဆောင်နေတဲ့ တရုတ် စစ်တပ်ဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ လာဘ်စားမှုတိုက်ဖျက်ရေးမှာ အရေးကြီး ပစ်မှတ်တစ်ခုလည်း ဖြစ်ပါတယ်။ ထိပ်တန်း ဗိုလ်ချုပ်ကြီး...

 သြစတြေးလျမှာ ပြင်သစ်နဲ့ ဗြိတိန် ခရီးသွားတွေ ပျောက်ဆုံး

သြစတြေးလျနိုင်ငံကို သွားရောက်လည်ပတ်တဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးနဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးတို့ ပျောက်ဆုံးနေပြီး သြစတြေးလျ ရဲတွေက အရှိန်မြှင့်ရှာဖွေနေပါတယ်။ အသက် ၂၀ အရွယ်ရှိ ဟူရို ပယ်မာနဲ့ အာဝမ် ဖာရီရာတို့ဟာ ဆစ်ဒနီမြို့ မြောက်ပိုင်းရှိ ကမ်းခြေကို သွားရောက်ချိန်မှာ  ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သြစတြေးလျ ရဲတွေက ပြောပါတယ်။ ရဲတွေက...

IS အဖွဲ့ထဲ ဝင်ခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေး ဗြိတိန် နိုင်ငံသားဖြစ်ခွင့် ရုတ်သိမ်းခံရ

ဆီးရီးယားနိုင်ငံရှိ  IS အစ္စလာမ် စစ်သွေးကြွအဖွဲ့ထဲကို ဝင်ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံသူ ရှာမီမာ ဘီဂမ်ဟာ ဗြိတိန်နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးသွားခဲ့ပါတယ်။ ဗြိတိန်အာဏာပိုင်တွေဟာ အသက် ၁၉ နှစ်အရွယ်ရှိ ဘီဂမ်ရဲ့ နိုင်ငံသားကတ်ကို ပြန်ရုတ်သိမ်းခဲ့ပြီး ဘီဂမ်ရဲ့ မိသားစုရှေ့နေဖြစ်သူ တက်စနီမီ အာဂွန်ဂျီက  ဗြိတိန် အာဏာပိုင်တွေ ရဲ့ ဆုံးဖြတ်ချက်ကို...

ညာဖက် ခြေဖဝါးကျိုး ဒဏ်ရာကြောင့် ငိုကြွေးခဲ့ရကြောင်း တိုက်စစ်မှူး နေမာ ပြော

ညာဖက်ခြေဖဝါး အရိုးကျိုးဒဏ်ရာကို စမ်းသပ်စစ်ဆေးချိန်အတွင်း နှစ်ရက်ကြာ ငိုကြွေးခဲ့ရတယ်လို့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကပြောပါတယ်။ ဘရာဇီး တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီနဲ့ စထရာဘော့ဂ်အသင်းတို့ ကစားတဲ့ ပြင်သစ်ဖလား ပွဲစဉ်မှာ ခြေဖဝါးဒဏ်ရာ ရသွားခဲ့တာဖြစ်ပြီး ဧပြီလအထိ အနားယူရမှာ ဖြစ်ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ခြေဖဝါးအရိုးကျိုး...

ကက်ရှ်မီးယားမှာ တိုက်ခိုက်ခံရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် အက်ရှေ ကူးမား လှူဒန်း

ဘောလီဝုဒ် နာမည်ကျော်မင်းသား အက်ရှေ ကူးမားဟာ ကက်ရှ်မီးယားပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အသေခံ ကားဗုံးခွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ အစိုးရတပ်ဖွဲ့ဝင်တွေအတွက် ငွေကြေးကူညီလှူဒါန်းမှုတွေ လုပ်ခဲ့ပါတယ်။ မင်းသားကြီး အမီတာဘာဂျမ်းက ကျဆုံးတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် တစ်ဦးလျှင် ရူပီးငွေ ၅ သိန်းစီ ကူညီလှူဒါန်းပြီး ရက်ပိုင်းအကြာမှာပဲ ကူးမားက...

မြောက်ကိုရီးယား နျူကလီးယား အဆုံးသတ်ရေး အလျင်စလို မလုပ်ဘူးလို့  သမ္မတ ထရမ့်ပြော

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား အစီအစဉ် အဆုံးသတ်ရေးကို အလျှင်စလို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့  အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ဟာ ဖေဖော်ဝါရီ ၂၇ ရက်ကနေ ၂၈  ရက်နေ့အထိ နှစ်ရက်ကြာ ဗီယက်နမ်နိုင်ငံမှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှာ...

အင်္ဂလန်ရှိ ဟွန်ဒါစက်ရုံ ပိတ်မယ်၊ အလုပ်အကိုင် ၃၅၀၀ ဆုံးရှုံးနိုင်

အင်္ဂလန်နိုင်ငံ၊ ဆွင်ဒန်ရှိ ကားစက်ရုံကို ဟွန်ဒါက ၂၀၂၁ ခုနှစ်မှာ ပိတ်ပစ်ဖို့ အတည်ပြုလိုက်ပြီး အလုပ်အကိုင် ၃၅၀၀ ဆုံးရှုံးနိုင်ပါတယ်။ အဲဒီ ဟွန်ဒါစက်ရုံဟာ ဗြိတိန်မှာ ထုတ်လုပ်တဲ့ ကား ၁၀ စီးတိုင်းမှာ တစ်စီးနှုန်း ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ကားစက်ရုံ ပိတ်မှုကြောင့် စက်ရုံက အလုပ်အကိုင်...

စင်ကာပူကို ခိုးဝင်သူ နှစ်ဦး ထောင်ဒဏ်နဲ့ ကြိမ်ဒဏ် ချမှတ်ခံရ

စင်ကာပူနိုင်ငံထဲကို ခိုးဝင်ဖို့ ကြိုးစားတဲ့ အင်ဒိုနီးရှား နိုင်ငံသားနှစ်ဦး အနက် တစ်ဦးဟာ ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေ ချမှတ်ခံလိုက်ရပါတယ်။ အသက် ၁၆ နှစ်နဲ့ ၂၁ နှစ် အရွယ်ရှိ အင်ဒိုနီးရှားနိုင်ငံသား နှစ်ယောက်ဟာ သစ်သားလှေနဲ့ စင်ကာပူနိုင်ငံကို ခိုးဝင်လာတာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ...

တရုတ် ဆင်စွယ်မှောင်ခို ဘုရင်မ တန်ဇနီးယားမှာ ထောင် ၁၅ နှစ် ကျ

“တရုတ်ဆင်စွယ် မှောင်ခိုဘုရင်မ” လို့ ခေါ်ကြတဲ့ ယန် ဖန်လန်ဟာ ဆင်စွယ် မှောင်ခိုကူးကြောင်း ဝန်ခံလိုက်တဲ့အတွက် တန်ဇနီးယား တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။ ၂၀၁၅ ခုနှစ်က တန်ဇနီးယားနိုင်ငံမှာ အဖမ်းခံရတဲ့ ယန်ဟာ ဆင်စွယ် တန် ၇၀၀ ကို မှောင်ခို...

ရုရှားနဲ့ တရုတ်တို့ အကြီးစား ရဟတ်ယာဉ် ထုတ်လုပ်ဖို့ သဘောတူမယ်

ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ အကြီးစား ရဟတ်ယာဉ်ကြီးတွေ ထုတ်လုပ်ဖို့ လာမယ့် ရက် ၆၀ အတွင်း သဘောတူ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ ရုရှားအစိုးရပိုင် ရော့စ်စတက်  ကော်ပိုရေးရှင်းရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဒါရိုက်တာ ဗစ်တာ ကလာဒေါ့ဗ်က အကြီးစား ရဟတ်ယာဉ်ကြီးတွေ ထုတ်လုပ်ဖို့ စီစဉ်နေတာ မှန်ကန်ကြောင်း၊...