23 C
Yangon, MM
Sunday, December 16, 2018

တခြားဘာသာ ကိုးကွယ်လို့ အီရန်-အမေရိကန် ဇနီးမောင်နှံကို အီရန်က ထောင်ဒဏ်ချမှတ်

ဇိုရိုအက်စတား ဘာသာကို ကိုးကွယ်တဲ့အတွက် အီရန်-အမေရိကန် နှစ်နိုင်ငံသား ခံယူထားသူနဲ့ ဇနီးကို အီရန် အာဏာပိုင်တွေက ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။ အနုပညာပစ္စည်း ရောင်းဝယ်သူ အမေရိကန်-အီရန် နှစ်နိုင်ငံသား ကာရန် ဗာဖာဒါရီ ကို ထောင်ဒဏ် ၂၇ နှစ်၊ အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့်ရသူ အီရန်နိုင်ငံသူ...

လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က အမေရိကန်မှာ လူသား-ချင်ပန်ဇီ ဖန်းတီးနိုင်ခဲ့

လွန်ခဲ့တဲ့ ၁၉၂၀ ခုနှစ်တုန်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ ဓာတ်ခွဲခန်းတစ်ခုမှာ လူသားနဲ့ ချင်ပန်ဇီကို မျိုးစပ် မွေးဖွားပေးနိုင်ခဲ့ပေမယ့် ထိတ်လန့်တဲ့ ဆရာဝန်တွေက သတ်ဖြတ်လိုက်ကြတယ်လို့ သိပ္ပံပညာရှင်တစ်ဦးက ထုတ်ဖော် ပြောဆိုပါတယ်။ ဖလော်ရီဒါပြည်နယ်၊ အောရိန်းပါ့ခ်ရှိ ဓာတ်ခွဲခန်းတစ်ခုမှာ လူသားနဲ့ ချင်ပန်ဇီ မျောက်တို့ကို မျိုးစပ်ပြီး “ဟျူးမန်းဇီ”လို့ ခေါ်တဲ့...

 ကိုရီးယားတွေ စုစည်းညီညွတ်ကြဖို့ မြောက်ကိုရီးယား ရှားရှားပါးပါး တောင်းဆို

ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ ကိုရီးယားတွေ စုစည်းညီညွတ်ကြဖို့နဲ့ တခြားနိုင်ငံတွေရဲ့ အကူအညီ မပါဘဲ ညီညွတ်မှု ဖော်ဆောင်ကြဖို့ မြောက်ကိုရီးယားက ရှားရှားပါးပါး ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားကြားမှာ ကိုရီးယားတွေဟာ အဆက်အသွယ်တွေ တိုးမြှင့်တာ၊ အပြန်အလှန် ခရီးသွားတာ၊ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်သင့်ကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေး...

ထရမ့် အစိုးရဟာ ကမ္ဘာအတွက် အန္တရာယ်လို့ ဂျော့ဂ်ျ ဆိုရော့စ် ပြော

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အစိုးရဟာ ကမ္ဘာအတွက် အန္တရာယ်ဖြစ်တယ်လို့ ဘီလျံနာ သူဌေးကြီး ဂျော့ဂ်ျ ဆိုရော့စ်က ပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ညီလာခံမှာ မစ္စတာ ဂျော့ဂ်ျ ဆိုရော့စ်က သမ္မတ ထရမ့် အစိုးရသက်တမ်းဟာ နည်းနည်းပဲ...

OH my girl အဖွဲ့ ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဂျီဟို   ဒဏ်ရာကနေ ပြန်သက်သာနေ

တောင်ကိုရီးယားအမျိုးသမီးတေးဂီတအဖွဲ့ဖြစ်တဲ့  OH my girl အဖွဲ့ ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဂျီဟို ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာကောင်းမွန်နေပြီး  အဖွဲ့ရဲ့ ပရိုမိုးရှင်းပွဲတွေမှာ ပါဝင်သီဆိုမှုတွေပြုလုပ်သွားမယ်လို့ တောင်ကိုရီးယားမီဒီယာတွေကဖော်ပြပါတယ်။ ဂျီဟို ဟာ  ခြေကျင်းဝတ်ဒဏ်ရာကို ပြုစုကုသနေခဲ့ပြီးအနားယူခဲ့ရကာ ဒဏ်ရာမှ ပြန်ကောင်းမွန်နေပြီဖြစ်ပါတယ်။ ဂျီဟို ဟာ  စတိတ်စင်ပေါ်မှာထိုင်ခုံနဲ့ ထိုင်ကာ သီဆိုသရုပ်ဆောင်ချိန်အတွင်း ခြေကျင်းဝတ်ဒဏ်ရာရသွားခဲ့တာလို့သိရပါတယ်။...

 ဂျာမနီက တူရကီကို တင့်ကားတွေ ထောက်ပံပေးမယ့် အစီအစဉ် ရပ်တန့်

ဂျာမနီနိုင်ငံအနေနဲ့ တူရကီနိုင်ငံကို တင့်ကားတွေ ထောက်ပံ့လွှဲပြောင်းပေးမယ့် အစီစဉ် ရပ်တန်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ဆစ်ဂ်မာ ဂါဘရီရယ်လ်က ပြောပါတယ်။ တူရကီနိုင်ငံဟာ ဆီးရီယားနိုင်ငံမှာ အခြေစိုက်ချနေတဲ့ ကာဒ့် သူပုန်တွေကို ဆီးရီးယားနိုင်ငံထဲ ဝင်တိုက်ခိုက်နေတာကြောင့် တင့်ကားတွေ ပေးမယ့်အစီစဉ် ရပ်ထားဖို့ ဆုံးဖြတ်လိုက်တာလို့ ဂျာမန်...

 နယူးယောက်ပြည်နယ်က အကျဉ်းသား ၅ သောင်းကျော်ကို တက်ဘလက်တွေ ပေးမယ်

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အကျဉ်းထောင်က အကျဉ်းသား ၅၀၀၀၀ ကျော် ဟာ အစိုးရဆီကနေ တက်ဘလက် အခမဲ့ရရှိမှာဖြစ်ပါတယ်။  အကျဉ်းသားတွေ ဟာ တက်ဘလက်တွေကိုအသုံးပြုပြီး စာဖတ်တာ၊ သီချင်းနားထောင်တာအပြင် မိသားစုတွေဆီ အီးမေလ်းပေးပို့နိုင်မယ့်အ ခွင့်ရေးတွေရရှိမှာဖြစ်ပါတယ်။ နယူးယောက် ပြည်နယ် အစိုးရအဖွဲ့ ဟာ အ ကျဉ်းသားတွေကိုတက်ဘလက်...

  ပါလက်စတိုင်းဟာ အမေရိကန်ကို လေးစားမှု မရှိဘူးလို့ သမ္မတ ထရမ့်ပြော

အမေရိကန်နိုင်ငံဟာ ပါလက်စတိုင်းကို တစ်နှစ်လျှင် ဒေါ်လာသန်းချီ အကူညီပေးခဲ့ပေမယ့် ပါလက်စတိုင်း ခေါင်းဆောင်တွေဟာ အမေရိကန်ကို လေးစားမှု မရှိဘူးလို့ သမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။ အခု သီတင်းပတ်အတွင်းမှာ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိခဲ့တဲ့ အမေရိကန် ဒု သမ္မတ မိုက်ကယ် ပန်စ့်ကို တွေ့ဆုံဖို့ ပါလက်စတိုင်း...

မိန်းကလေးငယ် အသတ်ခံရပြီးနောက် ပါကစ္စတန် အမျိုးသမီးတွေ စော်ကားခံရမှုတွေကို ထုတ်ဖော် ပြောဆို

အသက် ၇ နှစ်အရွယ် ဇာဆီနတ် အန်ဆာရီဟာ ရက်စက်စွာ အဓမ္မပြုကျင့် အသတ်ခံရပြီးနောက် ပါကစ္စတန်မှာ ကလေးတွေကို ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အဲဒီလို သတ်ဖြတ် စော်ကားခံရတာကို နှုတ်ဆိတ်နေမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးထုက ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေကြပါတယ်။ ဇာအီနတ် အသတ်ခံရမှုကြောင့်...

  တိုကျိုမြို့မှာ နှစ်ပေါင်း ၅၀ နီးပါးအတွင်းအအေးစံချိန်တင်ခဲ့

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၄၈ နှစ်အတွင်း အအေးဆုံးနေ့အဖြစ် ဇန်နဝါရီ ၂၅ ရက်  က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၄၈ နှစ်အတွင်း အအေးဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ပါတယ်။ တိုကျိုမြို့လယ်မှာ မနက်မပိုင်းအပူချိန်ဟာ အနုတ် ၄ ဒီဂရီစင်တီဂရိအထိ ကျဆင်းခဲ့ပြီး ဂျပန်နိုင်ငံရဲ့ နေရာအများအပြားမှာ လေဖိအားနည်းရပ်ဝန်းကြောင့် အအေးပိုလာခဲ့ပါတယ်။ တိုကျိုမြို့လယ်မှာ...

 အမေရိကန် ကိုယ်ကာယ လေ့ကျင့်ရေး နည်းပြဟောင်း ထောင်ဒဏ် ၁၇၅ နှစ် အပြစ်ပေးခံရ

အိုလံပစ်ပြိုင်ပွဲ အမေရိကန်အသင်းရဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းဆိုင်ရာ နည်းပြဟောင်း လာရီ နက်ဆာဟာ အမျိုးသမီးနဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့  ထောင်ဒဏ်  ၁၇၅ နှစ် အပြစ်ပေးခံရပါတယ်။   နက်ဆာဟာ ပြိုင်ပွဲဝင် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေ လုပ်တယ်လို့ စွပ်စွဲခံရပြီးနောက် သူ့အမှုကို...

ဆီအုန်း ဝယ်ယူမှု ဥရောပ သမဂ္ဂ ပိတ်ပင်ချက်ကို အင်ဒိုနဲ့ မလေးရှား ဒေါသထွက်

ကမ္ဘာပေါ်မှာ ဆီအုန်း အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားက ဆီအုန်းတွေကို နောက် သုံးနှစ်အတွင်း မဝယ်ယူဖို့ ဥရောပ ပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို အင်ဒိုနီးရှားနဲ့ မလေးရှား အစိုးရတွေက ဒေါသထွက်ခဲ့ကြပြီး ဒါဟာ ပူးပေါင်းကြံစည်မှု ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဇီဝလောင်စာ ထုတ်လုပ်နိုင်တဲ့ ဆီအုန်းကြောင့် သဘာဝ...

ဂျော်ဒန်ကို အမေရိကန်က ဘလက် ဟော့ခ် ရဟတ်ယာဉ်တွေ ပေးပို့

အစ္စလာမ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို နယ်စပ်တစ်လျှောက်မှာ ကာကွယ်ဖို့နဲ့ တန်ပြန်နိုင်ဖို့ အကူအညီအနေနဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ဘလက် ဟော့ခ် ရဟတ်ယာဉ် နှစ်စင်းကို အမေရိကန် ဂျော်ဒန်နိုင်ငံကို ပေးပို့လိုက်ပြီး စုစုပေါင်း ရဟတ်ယာဉ် ၁၂ စင်း ရှိသွားပြီ ဖြစ်ပါတယ်။ ဘလက် ဟော့ခ်...

လက်နက်ရောင်းတဲ့ ကမ္ဘာ့ ထိန်းတန်း ၁၀ နိုင်ငံ စာရင်းဝင်ဖို့ သြစတြေးလျ စီစဉ်ထား

ဆယ်စုနှစ် တစ်ခုအတွင်း လက်နက် ထုတ်လုပ်ရောင်းချ တင်ပို့မှုမှာ ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံ စာရင်းဝင်အောင် အစီအစဉ်ဆွဲထားတယ်လို့ သြစတြေးလျက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ သြစတြေးလျဟာ တစ်နှစ်ကို လက်နက်ခဲယမ်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖိုး ရောင်းချနေပြီး ကမ္ဘာပေါ်မှာ လက်နက်...

အင်ဒိုနီးရှားမှာ လိင်ပြောင်းထားသူတွေကို စီးနင်း ဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်မှာ လိင်ပြောင်းထားသူတွေ ပိုင်ဆိုင်တဲ့ အလှပြင်ဆိုင် ငါးဆိုင်ကို ရဲနဲ့ ရှရီယာ ဘာသာရေးရဲတွေက ဝင်ရောက်စီးနင်ပြီး လိင်ပြောင်းထားသူ ၁၂ ဦးကို ဇန်နဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးထားသူတွေကို လူပုံအလယ်မှာ အင်္ကျီတွေ ချွတ်ခိုင်းပြီး ဆံပင်တွေကိုလည်း ဖြတ်ပစ်ခဲ့ကြပါတယ်။ အာချေးမြောက်ပိုင်း ရဲချုပ်...