30 C
Yangon, MM
Monday, May 20, 2019

ရှန်ဟိုင်း အဆောက်အဦး ပြိုကျမှု သေဆုံးသူ ၁၀ ဦး ရှိလာ

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ပြင်ဆင်နေတဲ့ အဆောက်အဦး ပြိုကျလို့ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်နေရာမှာ သေဆုံးသူ စုစုပေါင်း ၁၀ ဦး ရှိသွားပြီလို့ ရှန်ဟိုင်းမြို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မေလ ၁၆ ရက်နေ့က...

အာဖဂန်မှာ လေကြောင်းတိုက်ခိုက်မှု မှားယွင်းလို့ ရဲ ၁၇ ဦး သေဆုံး

အာဖဂန်နစ္စတန် တောင်ပိုင်းရှိ လက်ရှ်ခါဂါမြို့မှာ တာလီဘန်တွေကို လေကြောင်းက နှိမ်နင်းစဉ် မှားယွင်းပစ်မိလို့ ရဲ ၁၇ ဦး သေဆုံးသွားပါတယ်။ မေလ ၁၆ ရက်နေ့က မြို့အနီးမှာ တာလီဘန်တွေကို ရဲတွေက တိုက်ခိုက်နေစဉ်...

အာရှမှာ ထိုင်ဝမ်က လိင်တူ လက်ထပ်ခွင့်ပြုတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာ

ထိုင်ဝမ် ပါလီမန်က လိင်တူ လက်ထပ်ခွင့်ကို ဒီနေ့ မေလ ၁၇ ရက်မှာ အတည်ပြုလိုက်ပြီးနောက် ထိုင်ဝမ်ဟာ အာရှမှာ လိင်တူလက်ထပ်ခွင့်ကို တရားဝင် ပထမဆုံး ခွင့်ပြုတဲ့နိုင်ငံ ဖြစ်လာပါတယ်။ ဥပဒေမှာ အထူး ထာဝရ...

အာဖရိက ဝက်တုပ်ကွေးကြောင့် တရုတ်မှာ ဝက်ကောင်ရေ သုံးတစ်ပုံ ကျဆင်းနိုင်

တရုတ်နိုင်ငံမှာ အာဖရိက ဝက်တုပ်ကွေးကြောင့် မွေးမြူရေးဝက် သောင်းချီ သေဆုံးပြီး ဝက်မွေးမြူရေးလုပ်ငန်းကို အကြီးအကျယ် ထိခိုက်နေပါတယ်။ မစ္စတာ ဆွန် ဒါဝူရဲ့ ဝက်မွေးမြူရေးခြံမှာ မနှစ်က ဒီဇင်ဘာလကစပြီး ဝက်တုပ်ကွေးဖြစ်ပွားခဲ့ပါတယ်။ လေးလအကြာမှာ သူ့မွေးမြူရေးခြံက...

ပါကစ္စတန်မှာ မိန်းကလေးကို ဘာသာပြောင်းခိုင်းပြီး မွတ်စလင်နဲ့ လက်ထပ်ပေး

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ ခရစ်ယာန်ကနေ အစ္စလာမ် ဘာသာကို မပြောင်းရင် မောင်ဖြစ်သူကို အမိုးပေါ်က ပစ်ချမယ်လို့ ခြိမ်းခြောက်ခံရပြီးနောက် အသက် ၁၅ နှစ်အရွယ် နေဟာ ဟာ အစ္စလာမ် ဘာသာထဲကို ဝင်ခဲ့ရပြီးနောက် အသက် ၄၅ နှစ်အရွယ် မွတ်စလင်နဲ့...

စာသင်ကျောင်းမှာ ခေါင်းပုဝါခြုံတာကို သြစတြီးယားမှာ ပိတ်ပင်

မူလတန်းကျောင်းတွေမှာ မိန်းကလေးတွေ ခေါင်းပုဝါခြုံတာကို ပိတ်ပင်ရေး ဥပဒေ လက်ယာယိမ်း သြစတြီးယား အစိုးရ အဆိုပြုချက်ကို သြစတြီးယား အမတ်တွေက အတည်ပြုလိုက်ပါတယ်။ ဥပဒေမှာ ဘာသာဆန်ရေးဆန်သော၊ အယူအဆ ရေးပါသော မည်သည့် အထည်ကိုမှ...

ပြည်ပက ဆက်သွယ်ရေး ကိရိယာတွေ တားမြစ်တဲ့ အမေရိကန် ဆုံးဖြတ်ချက် တရုတ် တုံ့ပြန်

အမျိုးသားလုံခြုံရေးအတွက် ပြည်ပနိုင်ငံက တင်သွင်းတဲ့ ဆက်သွယ်ရေးသုံး ကိရိယာတွေကို မသုံးဖို့ သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အရေးပေါ် ထုတ်ပြန်ချက်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီကြီး ဟွာဝေးက တုံ့ပြန်လိုက်ပါတယ်။ ဟွာဝေးထုတ် ကုန်ပစ္စည်းတွေကို...

အမေရိကန်မှာ ကလေးမွေးဖွားမှု နှစ် ၃၀ အတွင်း အနိမ့်ဆုံး ကျဆင်း

အမေရိကန် ပြည်ထောင်စုမှာ ကလေးမွေးဖွားမှုနှုန်းဟာ ၂၀၁၈ ခုနှစ်မှာ ထပ်မံကျဆင်းခဲ့ပြီး နှစ် ၃၀ အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ကလေးမွေးဖွားနှုန်းဟာ ၃၇၈၈၂၃၅ ရှိပြီး ၁၉၈၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး...

အမေများနေ့ လက်ဆောင် ထီလက်မှတ်ကနေ ဒေါ်လာ ၁ သန်းကျော် ထီပေါက်

အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားက အမျိုးသမီးတစ်ဦးဟာ အမေများနေ့ လက်ဆောင်အဖြစ် ၁ ဒေါ်လာတန် ထီလက်မှတ်ရရှိခဲ့ပြီး အဲဒီ ထီလက်မှတ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ထီပေါက်ခဲ့ပါတယ်။ ဆမ်ပ်ဆင် ကောင်တီက ဗီလ်ကာ...

Brexist နဲ့ ရာသီဥတု ပြောင်းလဲမှုက လယ်သမားတွေ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်

ဥရောပ သမဂ္ဂကနေ ဗြိတိန် ခွဲထွက်မယ့် Brexist နဲ့ ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးတို့က လယ်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတယ်လို့ ဗြိတိန် အမျိုးသားလယ်သမားများ သမဂ္ဂ (NFU) က ပြောပါတယ်။ ကျေးလက်ဒေသတွေမှာ စိတ်ပိုင်းဆိုင်ရာ...

လာမယ့် ဇွန်လမှာ ထရမ့်နဲ့ မွန်ဂျေအင်းတို့ တောင်ကိုရီးယားမှာ တွေ့မယ်

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့ လာမယ့် ဇွန်လအတွင်း တောင်ကိုရီးယားမှာ တွေ့ဆုံဖို့ရှိပါတယ်။ သမ္မတ ထရမ့်က ဂျပန်နိုင်ငံမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေး လာရောက်ရင်း အခုလို တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဆူပူတဲ့ လူအုပ်အနီး ယူနီဖောင်းနဲ့လူတွေ့လို့ သီရိလင်္ကာ စစ်တပ် စုံစမ်းစစ်ဆေးနေ

လူတစ်စုက ဆူပူဖျက်ဆီးမှုတွေ လုပ်နေစဉ် ဘေးက ရပ်ကြည့်နေတဲ့ သီရိလင်္ကာ စစ်တပ် ယူနီဖောင်းဝတ် တစ်ဦး ဗီဒီယိုဖိုင်ထဲမှာ ပါနေတဲ့ကိစ္စကို သီရိလင်္ကာ စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒေါသထွက်နေတဲ့ လူအုပ်က မွတ်စလင် ဆိုင်တွေနဲ့...

အယ်လ်ဘားမားမှာ ကိုယ်ဝန်ဖျက်ချတာ ပိတ်ပင်မှု လေဒီ ဂါဂါ ကန့်ကွက်

အမေရိကန်နိုင်ငံ၊ အယ်လ်ဘားမားပြည်နယ်မှာ အငြင်းပွားဖွယ်ဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချမှု ပိတ်ပင်ခြင်း ဆုံးဖြတ်ချက်ကို ဆန့်ကျင် ကန့်ကွက်သူတွေထဲမှာ လေဒီ ဂါဂါလည်း ပါဝင်လာပြီး ဒီဆုံးဖြတ်ချက် စက်ဆုပ်စရာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ ထောက်ခံမဲ ၂၅ မဲ၊ ကန့်ကွက်မဲ...

အရက်မူးပြီး အဘိုးရဲ့ကား ခိုးမောင်းတဲ့ ၁၂ နှစ်သမီး အဖမ်းခံရ

အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုမြို့မှာ အရက်မူးကာ အဘိုးရဲ့ကားကို ခိုးမောင်းလာတဲ့ ၁၂ နှစ်အရွယ် မိန်းကလေးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။ အရှိန်ပြင်းပြင်းနဲ့ မောင်းသွားတဲ့ကားကို ရဲက လိုက်ဖမ်းရာက မောင်းပြေးတဲ့ကားဟာ အရှိန်ပြတဲ့ ဆိုင်းဘုတ်ကိုတိုက်ပြီး ရပ်သွားခဲ့ပါတယ်။

ဘယ်ယဉ်ကျေးမှုမှ သာလွန်တယ်ဆိုတာ မရှိဘူးလို့ သမ္မတ ရှီ ပြော

“ယဉ်ကျေးမှုတွေ တိုးတိုက်မိတယ်” ဆိုတာနဲ့ ပတ်သက်လို့ ဘယ်ယဉ်ကျေးမှုကမှ တခြား ယဉ်ကျေးမှု တစ်ခုထက် သာလွန်တယ်ဆိုတာ မရှိဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။ တရုတ်ဟာ ပြိုင်ဘက် အမေရိကန်နဲ့ ယဉ်ကျေးမှုချင်းကြား တိုးတိုက်မှုတွေ...