26 C
Yangon, MM
Tuesday, June 26, 2018

ဟတ်ထရစ် ဂိုးရှင် ဟာရီကိန်း အင်္ဂလန် အတွက်စံချိန်သစ်တွေရယူနိုင်ခဲ့

ဟာရီကိန်း ဟာပနားမားကိုအနိုင်ရတဲ့ပွဲမှာ သုံးဂိုးသွင်းယူနိုင်ခဲ့၂၈ နှစ်အတွင်း ကမ္ဘာဖလား ပြိုင်ပွဲမှာ  အင်္ဂလန် ကစားသမားတွေထဲမှာ ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ်လာခဲ့ပါတယ်။ ဟာရီကိန်း ဟာ ပနားမားကို အနိုင်ရတဲ့ပွဲမှာ ပယ်နယ်တီ ၂ ဂိုးအပါဝင် တစ်ဦးတည်း သုံးဂိုးသွင်းယူနိုင်ခဲ့ ပါတယ်။   ဟာရီကန်းဟာ တူနီးရှားနဲ့ ပွဲတုန်းကလည်း အင်္ဂလန်အတွက် နှစ်ဂိုးသွင်းယူခဲ့ရာ...

ဒိန်းမတ်နာမည်ကျော် သရုပ်ဆောင်   ၅ ယောက် မြောက် ကလေးမွေး

ဒိန်းမတ် နာမည်ကျော်  ရုပ်ရှင် သရုပ်ဆောင် ဘီရီ ဂတ်တီ နယ်ဆင် ဟာ အသက် ၅၄ နှစ်အရွယ်မှာ  ငါးယောက်မြောက် ကလေးကို မွေးဖွားနိုင်ခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။   အခုမွေးတဲ့ ကလေး ဟာ နယ်ဆင်အတွက် ပထမဆုံး သမီးလေးဖြစ်ပါတယ်။  သူမ ဟာ Rocky...

ထရမ့် နဲ့  ကင်တို့ ထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပမှုအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း ကုန်ကျခဲ့

စင်ကာပူနိုင်ငံက  ဇွန် ၁၂ ရက်နေ့မှာ  ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့   မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအမ်တို့ တွေဆုံဆွေးနွေးမှုကို လက်ခံကျင်းပမှုအတွက် အမေရိက်ဒေါ်လာ ၁၂ သန်း ကုန်ကျခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ ငွေကြေးအများစုကို  လုံခြုံရေးအတွက်အဓိကထား သုံးစွဲခဲ့ရတယ်လို့   စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ...

ဂျာမနီ အဆောက်အဦမှာ ပေါက်ကွဲမှုဖြစ်  ၂၅ ဦး ဒဏ်ရာရ

 ဂျာမနီ ရဲတွေ က ဂျာမနီနိုင်ငံ  ၀က်ပါတယ်လ် Wuppertal.  မြို့မှာ အဆောက်ဦးတွေ အတွင်း  ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လူပေါင်း   ၂၅ ဦးဒဏ်ရာရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့်   အဆောက်ဦး ပျက်စီးခဲ့ပြီး အစိတ်အပိုင်းအချို့ မီးလောင်ခဲ့တယ်လို့  သတင်းတွေကဖော်ပြခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ချိန်အတွင်း မီးသတ်သမားတွေ ဟာ  ဒဏ်ရာရာသူ...

ဥရုဂွေး – ရုရှား တို့ ကစားမယ့် ကမ္ဘာဖလားပွဲကြို သုံးသပ်ချက်

နှစ်သင်းစလုံးဟာ  နိုင်ပွဲတွေ ကိုယ်စီ ရရှိထားပြီး အခုပွဲစဉ်ဟာ  အုပ်စုဗိုလ် ဖြစ်ရေးအတွက် ကစားရမယ့် ပွဲဖြစ်နေပါတယ်။   ဥရုဂွေးအသင်းဟာ  ဆွာရက်ဇ် ၊ ကာဗာနီတို့ ဦးဆောင် ကစားနေပြီး  တိုက်စစ် ထက်မြက်မှုတွေရှိနေတာကြောင့် ရုရှားနောက်တန်း အလုပ်ရှုပ်စေမှာ သေချာပါတယ်။ ရုရှား အသင်းကတော့ အိမ်ရှင် ဖြစ်တာကြောင့်...

ဆော်ဒီအာရေဗျ – အီဂျစ် တို့ ကစားမယ့် ကမ္ဘာဖလား  ပွဲကြိုသုံးသပ်ချက်

  နှစ်သင်းစလုံးဟာ  ကစားပြီးတဲ့ အုပ်စု ပွဲစဉ် နှစ်ပွဲစလုံးမှာ အရှုံးတွေနဲ့ သာရင်ဆိုင်ခဲ့ရလို့ အခုပွဲစဉ် အနိုင်အရှုံး ဟာ အရေးမကြီးတော့ဘဲ  ဂုဏ်သိက္ခအတွက် သာ ကစားရမှာဖြစ်ပါတယ်။ ဆော်ဒီအာရေဗျ အသင်းဟာ  အုပ်စုပွဲ နှစ်ပွဲ ကစားပြီးချိန်မှာ  ရဂိုးတစ်ဂိုးမှ မရှိဘဲ ခံစစ်ကလည်း ပေးဂိုး ၆...

အီရန် – ပေါ်တူဂီ  တို့ ကစားမယ့် ကမ္ဘာဖလား ပွဲကြိုသုံးသပ်ချက်

အခုပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက်အုပ်စုတက်ရေး အကြိတ်အနှယ် ကစားရမှာဖြစ်ပါတယ်။  အီရန် ဟာ နှစ်ပွဲကစား ချိန်မှာ ရမှတ် ၃ မှတ် ရရှိထားပြီး ပေါ်တူဂီက ရမှတ် ၄ မှတ် ရထားရာ  အီရန် က ပေါ်တူဂီကိုနိုင်ခဲ့မယ်ဆိုရင် အီရန် အုပ်စုတက်နိုင်မှာဖြစ်ပါတယ်။ ပေါ်တူဂီကတော့ ရှုံးလို့မရဘဲ...

စပိန် – မော်ရိုကို  တို့ ကစားမယ့် ကမ္ဘာဖလား ပွဲကြိုသုံးသပ်ချက်

မော်ရိုကို အသင်း ဟာ စပိန်အသင်းကို  ကစားသမားစုဖွဲ့မှုပိုင်း၊ အတွေကြုံပိုင်း မှာ ယှဉ်လို့မရပါဘူး၊  စပိန် ဟာ ပေါ်တူဂီ အသင်းကို သရေကျခဲ့ပေမယ့် အသင်းလိုက် ကစားပုံကောင်းမွန်ခဲ့ပါတယ်။ စပိန်ဟာ တစ်ပွဲထက် တစ်ပွဲ ပိုမိုကောင်းမွန်မှုတွေ ရှိနေပြီး   ရာမို့စ်၊ အင်နီယေစတာ၊ ကော်စတာ တို့...

ရနောင်းလူသတ်မှု မြန်မာလုပ်သားတွေအတွက် အယူခံတင်ဖို့ အချိန်တိုးတောင်း

ထိုင်းနိုင်ငံ ရနောင်းလူသတ်မှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာလုပ်သားသုံးဦးအတွက် အယူခံလွှာ တင်နိုင်ရေး ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက်ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED အဖွဲ့က အချိန်တစ်လထပ်တိုး တောင်းခံလိုက်ပါတယ်။ ရနောင်းအမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာလုပ်သားတွေအတွက် အယူခံလွှာကို ထိုင်း ဥပဒေအရ အမိန့်ချမှတ်ပြီး တစ်လအတွင်းတင်ရမှာ ဖြစ်ပေမယ့် အယူခံလွှာ...

ထိုင်းက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အရေးယူတော့မယ်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လိုအပ်တဲ့အထောက်အထားတွေ ပြုလုပ်ဖို့ ထိုင်းအစိုးရနဲ့ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် (သို့) CI ၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် Work Permit၊ နေထိုင်ခွင့်ဗီဇာ...

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ရဲ့ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်အတွင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံက...

ရန်ကုန် – ဒလ မြစ်ကူးတံတား အခုနှစ်ကုန်ပိုင်းမှာ စတင်မယ်

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ရန်ကုန်-ဒလ မြစ်ကူးတံတားကို ရေလမ်းကြောင်း အခြေနေအရ တံတား ဒီဇိုင်းသစ်ပြန်လည်ရေးဆွဲနေပြီး အခုနှစ်ကုန်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ရန်ကုန် - ဒလတံတားအမျိုးစားမှာ သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပြီး အရင်မူလ ဒီဇိုင်းက တံတား အရှည် ၆၁၄၄ ပေ ရှိပြီး ပင်မတံတားအရှည်မှာ...

 NLD အစိုးရ လက်ထက် သိသာတဲ့ ပြောင်းလဲမှုက လွပ်လတ်စွာ ဆန္ဒပြခွင့်၊ဝေဖန်ပြောဆိုခွင့် ဟုဆို

NLD အစိုးရလက်ထက် သိသာတဲ့ပြောင်းလဲမှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေဟာမဟုတ်ဘဲ သိသာတဲ့ပြောင်းလဲမှုတွေရှိကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။ ဇွန်လ ၂၄ရက်နေ့ကကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် အမျိုးသားဒီမိုကရေစီ အဖွဲချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ မီဒီယာသမားတစ်ဦးက NLD အစိုးရလက် ထက်သိသာတဲ့ ပြောင်းလဲမှုမရှိဘူးလို ဝေဖန်နေတဲ့အပေါ်မေးခွန်းထုတ်ခဲ့တာပါ။ အဆိုပါမေးခွန်ကို ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင် က...

ပုသိမ်မှာ တစ်သောင်းတန်နဲ့ ငါးထောင်တန်အတု ၈ သိန်းကျော် ဖမ်းမိ (ရုပ်/သံ)

ပုသိမ်မြို့မှာ ငါးထောင်တန်နဲ့ တစ်သောင်းကျပ်တန်ငွေစက္ကူအတု ရှစ်သိန်းကျော်နဲ့ ငွေစက္ကူအတုပြုလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီသတင်းကို MCN ပုသိမ် သတင်းထောက် ရဲသွေးနီကပေးပို့ ထားပါတယ်။ https://www.youtube.com/watch?v=fsgYTIXD-E0&feature=youtu.be ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် ၈ ရပ်ကွက် ဘီတီ စားသောက်ဆိုင်မှာ ငွေစက္ကူမတုနဲ့ အစစ်နဲ့လဲလှယ်ဖို့ လုပ်ဆောင်သူ ညီညီအောင်ဆိုသူနဲ့...

မသန်စွမ်းတွေအတွက် အွန်လိုင်း ပလပ်ဖောင်း အပလီကေးရှင်း ရပြီ (ရုပ်/သံ)

မသန်စွမ်းတွေအတွက် ရည်ရွယ်ထားတဲ့ အွန်လိုင်း ပလက်ဖောင်းတစ်ခု လုပ်ဆောင်ပေးထားပြီး အဲ့ဒီပလက်ဖောင်းသုံးစွဲတတ်ဖို့ သင်တန်းတွေ လိုက်လံပို့ချပေးနေပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဥာဏ်လင်းထူးက ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=YqCazHfQLbM&feature=youtu.be မသန်စွမ်းတွေအနေနဲ့ သတင်းအချက်အလက်တွေ ပိုမိုသိရှိစေဖို့နဲ့ နစ်နာမှုတွေကို တိုင်ကြားနိုင်ဖို့ အွန်လိုင်းပလက်ဖောင်းတစ်ခုကို i school myanmar အဖွဲ့ကနေ လုပ်ဆောင်ပေးထားတာဖြစ်ပြီး သုံးစွဲတတ်စေဖို့လည်း...