30 C
Yangon, MM
Friday, May 24, 2019

ဆက်သွယ်ရေး ဥပဒေ (၆၆) နဲ့ သတင်းမီဒီယာ ကျင့်ဝတ် ဘယ်ဟာ ပိုအရေးကြီးလဲ

https://www.youtube.com/watch?v=FMUu-a-r4es ဒီတစ်ပတ်မျက်မှောက်ရေးရာ သုံးသပ်စရာ အစီအစဉ်မှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ဖို့ အရေးကြီးသလို ဒီဥပဒေ အသက်ဝင်နေတဲ့ ကာလအတွင်းမှာ သတင်းမီဒီယာသမားတွေအနေနဲ့ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေကို ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတဲ့အကြောင်း သတင်းစာဆရာတစ်ဦးဖြစ် ဆရာဦးစည်သူအောင်မြင့် နောက်တစ်ခါ သန်လျင်ပို့စ်ဂျာနယ်က အယ်ဒီတာချုပ် ဆရာမဒေါ်တူးတူးသာတို့က ပါဝင်...

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆/ဃ ရှိသင့် မရှိသင့်

https://www.youtube.com/watch?v=iql-XHcvI2Q ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူမှုတွေ တရားဆွဲဆိုမှုတွေရှိလာတဲ့အပေါ် ဆက်သွယ်ရေးဥပဒေ မြန်မာပြည်မှာ ရှိသင့်သလား မရှိသင့်ဘူးလားဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတင်ဆက်ပေးသွားမှာပါ။ ဒီအစီအစဉ်မှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ်ဆောင်ရွက်နေတဲ့ ကိုနေဘုန်းလတ်၊ နည်းပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ကိုဇော်ဇော်မျိုးလွင်တို့ကို ဖိတ်ခေါ်ပြီး ဆွေးနွေးတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာချစ်ကြည်ရေးခရီးစဉ်တွေ အပေါ် လေ့လာသုံးသပ်

https://www.youtube.com/watch?v=763MmycVVKc မျက်မှောက်ရေးရာသုံးသပ်စရာ အစီအစဉ်မှာဆိုရင်တော့ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာချစ်ကြည်ရေးခရီးစဉ်တွေ အပေါ်ကို မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းနဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ကို တွေ့ဆုံဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူအခွင့်အရေးအခြေအနေ ဘယ်လောက်တိုးတက်မှုတွေရှိနေပြီလဲ

https://www.youtube.com/watch?v=1WELwjp9-Dg မြန်မာနိုင်ငံမှာ လူအခွင့်အရေးအခြေအနေတွေပတ်သက်ပြီး ဘယ်လောက်အထိတိုးတက်မှုတွေရှိလားလည်း လူအခွင့်အရေးအခြေအနေတွေတိုးတက်မှုတွေရှိလာဖို့ အစိုးရအနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်သင့်သလည်းစတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Equality Myanmar က ဦးအောင်မျိုးမင်း Triangle Women Support Group က ဒေါ်ခင်လေးတို့နဲ့ ဆွေးနွေးတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဘာသာရေးဆိုင်ရာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဘယ်လို နည်းလမ်းတွေနဲ့ ကာကွယ်တားဆီးကြမလဲ

https://www.youtube.com/watch?v=Aohwl1aHD-Q ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၁) ရက်နေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး ညီလာခံကို တတ်ရောက်ခဲ့ကြတဲ့ စစ်ကိုင်းမြို့၊ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ရဲ့ ကျောင်းထိုင်ဆရာတော် အရှင်ဦးသောဘိတနဲ့ အစ္စလာမ်သာသနာမရမတ္တမိသားစုအဖွဲ့ချုပ် (KAFTG) ရဲ့ ဂိုဏ်ချုပ်ဆရာတော် ခလိဖွှာ်ဦးသိန်းဝင်းအောင်တို့ပါဝင်ပြီး...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအနေ တိုးတက်မှုတွေ ရှိလာလား

https://www.youtube.com/watch?v=iJRgMIjJJzc နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အပြီး ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေ တိုးတက်မှုတွေ ရှိလာလား၊ ဥပဒေအရ အကာအကွယ်ပေးမှုတွေ ပိုရှိလာလားဆိုတဲ့အပေါ် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED က ဦးထူးချစ်နဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် MWRN က ဦးစိန်ဌေးတို့က ပါဝင်ဆွေးနွေးပေးထားကြပါတယ်။

မျက်မှောက်ရေးရာ သုံးသပ်စရာ အစီအစဉ် (ရုပ်သံ)

https://www.youtube.com/watch?v=swuy7FLr630&feature=youtu.be မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခြေအနေက အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုမျိုးဖွံ့ဖြိုးတိုးတက်မှုတွေရှိလာလဲ။ နောက်တစ်ခါ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ တိုးတက်ဖို့ရာအတွက် ဘယ်လိုစိန်ခေါ်မှုမျိုးတွေရှိနေလဲဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကျား၊မတန်းတူညီမျှရေးကွန်ရက်က (Director)ဆရာမမေစပယ်ဖြူ၊ Triangle Women Support Group က (Director) မခင်လေးတို့ကို ဖိတ်ခေါ်ပြီး ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ လူငယ်ရေးရာမူဝါဒတွေ ချမှတ်ပြီး ဘာတွေပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ဖို့ စကားဝိုင်း

ဒီတစ်ပတ် မျက်မှောက်ရေးရာသုံးသပ်စရာ အစီအစဉ်မှာတော့ အစိုးရသစ်အနေနဲ့ လူငယ်ရေးရာမူဝါဒတွေ ချမှတ်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ ဘာတွေ ပြုပြင်ပြောင်းလဲလုပ်ဆောင်သင့်တယ် ဆိုတဲ့အကြောင်းအရာတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ ၂၀၁၆ ဖြစ်မြောက်ရေးကော်မတီ မှာပါဝင်ဆောင်ရွက်နေတဲ့ မသဉ္ဇာရွှန်းလဲ့ရည်နဲ့ မခင်စန္ဒာညွန့်တို့ကို ဖိတ်ခေါ်ဆွေးနွေးတင်ဆက်ပေးထားပါတယ်။ https://www.youtube.com/watch?v=MxE9yOQPJ3w

မျက်မှောက်ရေးရာ သုံးသပ်စရာအစီအစဉ် (ရုပ်သံ)

https://www.youtube.com/watch?v=Owp4qk9bsWE&feature=youtu.be မကြာခင်မှာ ကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ၂၁ ရာစု ပင်လုံညီလာမှာ NLD အစိုးရအပါအ၀င်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်လိုမျိုးတွေ ညှိနှိုင်း ဆောင်ရွက်မှုတွေပြုလုပ်ဖို့ရှိလဲ။ ဒီလိုမျိုး ညှိနှိုင်းဆောင်ရွက်မှုတွေကို ပြုလုပ်တဲ့အခါမျိုးမှာ ဆိုရင် ဘယ်လိုမျိုးသဘောထားမျိုးတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကို ပြုလုပ်သင့်လဲ။ ဘယ်လိုမျိုးလုပ်ငန်းစဉ်တွေချမှတ်ပြီးတော့ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်းအရာတွေနဲ့...

မျက်မှောက်ရေးရာသုံးသပ်စရာအစီအစဉ် (ရုပ်သံ)

https://www.youtube.com/watch?v=1iZ50czbRjc မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့အသုံးအနှုန်းနဲ့ ပတ်သက်ပြီးလွှတ်တော်တွင်း ဝေဖန်ဆွေးနွေးမှုတွေရှိခဲ့တဲ့အပေါ် ဦးမြအေး(၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)နဲ့ ဦးတိတ်နိုင်(နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း)(AAPP)တို့က ပါဝင်ဆွေးနွေးပေးထားကြပါတယ်။  

မျက်မှောက်ရေးရာသုံးသပ်စရာ သတင်းသုံးသပ်ချက် အစီအစဉ်

https://www.youtube.com/watch?v=KaVxiOMM574 မြန်မာနိုင်ငံအစိုးရသစ်အနေနဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ဖို့အတွက် ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းနှင့် မြန်မာနိုင်ငံရှေ့နေကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးတို့ကို ဖိတ်ခေါ်ပြီး MCN သတင်းဌာနက ဆွေးနွေးတင်ဆက်ပေးထားတာဖြစ်ပါတယ်။

မျက်မှောက်ရေးရာသုံးသပ်စရာ သတင်းသုံးသပ်ချက် အစီအစဉ်(တရားရေးမဏ္ဍိုင်)

https://www.youtube.com/watch?v=KaVxiOMM574 မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ဥပဒေပြုရေး တရားစီရင်ရေးမဏ္ဍိုင်တွေ ဖြောင့်မတ်မှန်ကန်ဖို့အတွက် ရက် ၁၀၀ အတွင်းမှာ ဘယ်လိုမျိုးဦးစားပေးလုပ်ငန်းတွေကို ဆောင်ရွက်သင့်သလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းနှင့် မြန်မာနိုင်ငံရှေ့နေကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးတို့ကို ဖိတ်ခေါ်ပြီး MCN သတင်းဌာနက ဆွေးနွေးတင်ဆက်ပေးထားတာဖြစ်ပါတယ်။

မျက်မှောက်ရေးရာ အပတ်စဉ် သတင်းသုံးသပ်ချက် အစီအစဉ်

https://www.youtube.com/watch?v=syyujHMcU-I မျက်မှောက်ရေးရာ အပတ်စဉ် သတင်းသုံးသပ်ချက် အစီအစဉ်ရဲ့ ပထမဆုံးအစီအစဉ် အပတ်စဉ် (၁) ကိုတင်ဆက်ပေးထားတာဖြစ်ပါတယ်။ ဒီသတင်းပတ်မှာတော့ အဖြေမရှိသေးတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတွေကို ဥပဒေမဲ့ အလွန်အကျွံထုတ်ယူမှုတွေ၊ ဥပဒေစိုးမိုးရေး ကင်းမဲ့နေမှုတွေ စည်းကမ်းမဲ မြေစာစွန့်ပြစ်မှုတွေကြောင့် ရေမဆေးကျောက် ရှာဖွေသူတွေ သေဆုံးနေရမှုတွေကို အစိုးရ၊ လွှတ်တော်နဲ့ ပြည်နယ်အစိုးရတွေက...

NLD အစိုးရရဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ အစိုးရတွေ ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရလာမလဲ

https://youtu.be/UC5O0x2LojY မကြာခင်မှာ ပေါ်ပေါက်လာဖို့ရှိတဲ့ NLD အစိုးရရဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ အစိုးရတွေ ဘယ်လောက်အထိ လုပ်ပိုင်ခွင့်တွေရလာမလဲ ဆိုတဲ့အပေါ် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်းနဲ့ ဦးအောင်သူငြိမ်းတို့က ပါဝင်ဆွေးနွေးပေးထားကြပါတယ်။

စစ်ဖက် အရပ်ဖက်ဆက်ဆံရေးအတွက် NLD အစိုးရ ဘာတွေ ပြင်ဆင်ထားသင့်သလဲ

https://youtu.be/hN3BeQfNOwU မကြာခင်မှာ ပေါ်ပေါက်လာတော့မယ့် NLD အစိုးရအနေနဲ့ စစ်ဖက် အရပ်ဖက်ဆက်ဆံရေးမှာ ဘယ်လို အကြောင်းအရာတွေကို ပြင်ဆင်ထားသင့်လဲ ဆိုတဲ့အပေါ် မြန်မာ့နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေကို ရေးသားနေတဲ့ ဆရာစည်သူအောင်မြင့်နဲ့ ဆရာဒေါက်တာရန်မျိုးသိမ်းတို့က ပါဝင်ဆွေးနွေးပေးထားကြပါတယ်။