30 C
Yangon, MM
Monday, April 22, 2019

ဗီဇာကြေး အမေရိကန် ၅၇ ဒေါ်လာကို မလေးရှားအလုပ်ရှင်ဘက်မှ ပေးဆောင်ဖို့ MOEAF က တောင်းဆိုသွားဖို့ရှိ

https://www.youtube.com/watch?v=0N7mHbENcfg မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားတွေ ပို့ဆောင်တဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေ ဗီဇာကြေး အမေရိကန် ၅၇ ဒေါ်လာကို မလေးရှားအလုပ်ရှင်ဘက်မှ ပေးဆောင်ဖို့ MOEAF (ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းရှင်များအသင်း) က တောင်းဆိုသွားဖို့ရှိနေပါတယ်။ ဒီအကြောင်းကို MCN သတင်းထောက် အောင်ကျော်မိုးက တင်ဆက်ပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားဆိုသူ ၄၃၆ ဦးရှိ

https://www.youtube.com/watch?v=f53rjX44RwQ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ အကြောင်းအမျိုးမျိုးနဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားဆိုသူ ၄၃၆ ဦးရှိတယ်လို့ မလေးရှားနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာသံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဇန်န၀ါရီလ ၁၄ ရက်နေ့က သံရုံးဝန်ထမ်းတွေဟာ Melaka လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို သွားရောက်တွေ့ဆုံမှုတွေပြုအလုပ်အပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီကြေညာ ချက်ထဲမှာတော့ မြန်မာနိုင်ငံသားဆိုသူတွေထဲက...

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့အမှုကို အယူခံဝင်

https://www.youtube.com/watch?v=FhXP6QtYBWw ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့အမှုကို လာမယ့် (ဖေဖော်ဝါရီလ ၂၄ ရက်နေ့) မတိုင်ခင်အယူခံဝင်သွားမယ်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံသား နှစ်ဦးအမှုကို ကူညီပေးဖို့အတွက် မြန်မာအစိုးရက စေလွှတ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တွေဟာ ဇန်န၀ါရီလ ၁၄ ရက်နေ့က ထောင်ဝင်စာ...

ရွှေ့ပြောင်းအလုပ်သမား အစီအစဉ် အမှတ်စဉ် (၁)

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ်စီစဉ်တင်ဆက်ပေးသွားမယ့် ရွှေ့ပြောင်းအလုပ်သမား အစီအစဉ်ကနေကြိုဆိုပါတယ်။ ဒီသတင်းပတ်ရဲ့ ရွှေ့ပြောင်းအလုပ်သမား အစီအစဉ်မှာတော့ 1. ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက ဗီဇာသက်တမ်း (၆) နှစ် ကုန်ဆုံးသွား သူတွေ အလုပ် ဆက်လုပ်ခွင့် ရရေး ထိုင်းအစိုးရအဖွဲ့ အဆုံးအဖြတ်ရယူသွားမယ်သတင်း 2. ရွှေ့ပြောင်း မြန်မာနိုင်ငံသား အလုပ်သမားတွေ...

HOME လို့ခေါ်တဲ့ Humanitarian Organization for Migration Econoics အဖွဲ့အစည်း

https://www.youtube.com/watch?v=Y7zg99MQMwM စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ HOME လို့ခေါ်တဲ့ Humanitarian Organization for Migration Econoics အဖွဲ့အစည်းအကြောင်းကို ရုပ်သံမှတ်တမ်းအနေနဲ့ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ စင်္ကာပူ သတင်းထောက် ကိုဂျိမ်းစ်က ရယူပေးထားပြီး အောင်ကျော်မိုးက တင်ဆက်ပေးထားပါတယ်။

စင်္ကာပူရောက် ကရင်တိုင်းရင်းသားတွေနဲ့အတူ မြန်မာနိုင်ငံသားတွေ ကရင်နှစ်သစ်ကူးပွဲတော် ဆင်နွှဲ

https://www.youtube.com/watch?v=QMVLoOXUsRU စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ သတင်းတွေကို တင်ဆက် ပေးရမယ်ဆိုရင်တော့ ကရင်နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ (၁၀) ရက်နေ့က စင်္ကာပူရောက် ကရင်တိုင်းရင်းသားတွေနဲ့အတူ မြန်မာနိုင်ငံသားတွေ ဆင်နွှဲခဲ့ကြတဲ့ အကြောင်းကို ရှု့စားကြရမှာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ MCN စင်္ကာပူ သတင်း ထောက် ကိုဂျိမ်းစ်က ရယူပေးထားပြီး (စုထွန်းဝေ) က...

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်းကျွန်းမှာ သောင်တင်နေတဲ့ မြန်မာရေလုပ်သား 23 ဦး မြန်မာနိုင်ငံကိုပြန်လွှတ်

https://www.youtube.com/watch?v=2qFY68M4yWU အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်းကျွန်းမှာ သောင်တင်နေတဲ့ မြန်မာရေလုပ်သား 23 ဦးကို အင်ဒိုနီးရှားအစိုးရတွေက မြန်မာနိုင်ငံကိုပြန်လွတ် လိုက်ပြီဖြစ်ကြောင်း ဂျာဂါတာပို့ထ် သတင်းစာမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ 12 ရက်နေ့က ဖော်ပြထားပါတယ်။ နိုင်ငံတကာ ရွေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ငါးဖမ်းကုမ္ပဏီကြား ပြဿနာတွေကို ဖြေရှင်းပြီးတဲ့နောက် မြန်မာနိုင်ငံသား...

မဲဆောက်မြို့မှာရောက်ရှိနေထိုင်နေကြတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းတွေက ဒုတိယအစမ်းစာမေးပွဲ ဝင်ရောက်ဖြေဆို

https://www.youtube.com/watch?v=ml2vY5hIEWY ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရောက်ရှိနေထိုင်နေကြတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းတွေက မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာတွေအတွက် ဒုတိယအစမ်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုခဲ့ကြပါတယ်။ ဒီအကြောင်းကို MCN သတင်းထောက် ရီဝေမွန်က သတင်းပေးပို့ထားပါတယ်။

ဗီဇာသက်တမ်း (၆) နှစ် ကုန်ဆုံးသူတွေ ဆက်အလုပ်လုပ်ခွင့်ရရေး ထိုင်းအစိုးရအဖွဲ့ အဆုံးဖြတ်ရယူ

https://www.youtube.com/watch?v=G5EfOWcR4Xo ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက ဗီဇာသက်တမ်း (၆) နှစ် ကုန်ဆုံးသွား သူတွေ အလုပ် ဆက်လုပ်ခွင့် ရရေး ထိုင်းအစိုးရအဖွဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

လိပ်ကျွန်းမှာ ထပ်မံ တွေ့ရှိခဲ့တဲ့ ဗြိတိန်ခရီးသည်ရဲ့အလောင်းဟာ လူသတ်မှုမဟုတ်ဟု ထိုင်းရဲတွေကပြောကြား

https://www.youtube.com/watch?v=69Wa3h9HE6g ရွှေ့ပြောင်းမြန်မာနိုင်ငံသား အလုပ်သမားတွေ အများအပြား ရောက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံ ကော့စမွေခရိုင် လိပ်ကျွန်းမှာ ထပ်မံ တွေ့ရှိခဲ့တဲ့ ဗြိတိန်ခရီးသည်ရဲ့အလောင်းဟာ လူသတ်မှုမဟုတ်ဘူးလို့ ထိုင်းရဲတွေကပြောကြားပါတယ်။ ဒီအကြောင်းအပြည့်အစုံကို MCN သတင်းထောက် ဗျူးလာဦးက သတင်းပေးပို့ထားပါတယ်။

လိတ်ကျွန်းလူသတ်မှုနဲ့ပတ်သတ်ပြီး နိုင်ငံတော်သမ္မတက အထူးကိုယ်စားလှယ်အဖွဲ့ စေလွှတ်

https://www.youtube.com/watch?v=LQnnRqdtXe4 ထိုင်းနိုင်ငံက ကမ္ဘာကျော် လိတ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ စေလွှတ်ထားတဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ၀င်းဇော်ထွန်းကို သွားရောက်တွေ့ဆုံ အားပေးစကားပြောခဲ့ပါတယ်။ အထူး ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံကို စတင်ရောက်ရှိခဲ့ကြတာပါ။...